တရုတ် အခြေစိုက် နည်းပညာကုမ္ပဏီ Hisense က Mira 6
ဟု အမည်ပေးထားသည့် ၀င်းဒိုးဖုန်းကို ထုတ်လုပ်လိုက်ကြောင်း သိရပါသည်။ Mira 6
တွင် SIM Card နှစ်ခု အသုံးပြုနိုင်ပြီး
Windows Phone 8.1 ကို မောင်းနှင်လည်ပတ်မည်ဖြစ်သည်။ Mira 6 ကို တရုတ်
Carrier တစ်ခုဖြစ်သော China Telecom နှင့် တွဲဖက်
အသုံးပြုနိုင်မည်ဖြစ်ပြီး Mira 6 သည် 4G LTE ကို အထောက်အပံ့ပေးပါသည်။
Mira 6 တွင် ငါးလက်မအရွယ် HD Touchscreen တပ်ဆင်ထားပြီး မျက်နှာပြင်၏ Resolution သည် 720p ဖြစ်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းပါသည်။ အနောက်ဘက်တွင် 8 Megapixel Camera နှင့် အရှေ့ဘက်တွင် 5 Megapixel Camera တပ်ဆင်ထားပါသည်။ Mira 6 ကို 1.2GHz Quad-Core Cortex-A7 CPU တပ်ဆင်ထားသည့် Qualcomm Snapdragon 200 Chipset က မောင်းနှင်လည်ပတ်မည်ဖြစ်သည်။ Adreno 302 GPU ကို တပ်ဆင်ထားပါသည်။
Hisense Mira 6 တွင် 1GB RAM, 8GB Internal Storage နှင့် MicroSD Card အသုံးပြုနိုင်ပါသည်။ ၇.၁၈ မီလီမီတာ အထူရှိပြီး Dolby Sound စနစ်ပါရှိပါသည်။
Mira 6 ကို ရောင်းချမည့် ဈေးနှုန်းကို ကြေညာခြင်းမရှိသေးသော်လည်း Specifications များအရဈေးနှုန်း သက်သာမည်ဟု သိရပါသည်။ Mira 6 ကို တရုတ်နိုင်ငံ ပြင်ပတွင် ရောင်းချမည့် သတင်းကို လည်း ကြေညာခြင်းမရှိဟု သိရပါသည်။
သူရ