6/16/2014

♪ Sea-Me-We 5 ကေဘယ်လ်သွယ်တန်းမှုပြီးပါက အော်ပရေတာများကို ငှားမည် ♫

http://www.telecomnews.com.bd/english/wp-content/uploads/2014/03/Submarine.gif

မြန်မာနိုင်ငံကအသစ်သွယ်တန်းနေသည့ှ်Sea - Me - We 5 ရေအောက် ကေဘယ်လ်ဆက်ကြောင်း သွယ်တန်းပြီးစီးပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အသုံးပြု ပြီး ပိုလျှံသည့် ပမာဏကို အော်ပရေတာများ လိုအပ်မည်ဆိုပါက အခကြေးငွေဖြင့် ငှားရမ်းသွားမည်ဟု ပြည်ပဆက်သွယ်ရေးဌာန (အဝေးဆက်)၏ အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက မဇ္ဈိမကို ဇွန် ၁၅ ရက် တွင် ပြောသည်။

Sea - Me - We 5 သည် ယခင်အသုံးပြု နေသည့ှ်Sea - Me - We 3 ကေဘယ်လ် ထက်ပိုပြီး နည်းပညာ မြင့်မားလာမည်ဖြစ်ပြီး သွယ်တန်းမှုများကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။
ဦးစိုင်းစောလင်းထွန်းက "Sea - Me - We 5 က အရင်လုပ်တဲ့ Sea - Me - We 3 ထက် နည်းပညာက ပိုမြင့်လာတဲ့အတွက် ပိုပြီးကောင်းလာမှာပါ။ ဒီကေဘယ်က အင်တာနက်မြန်နှုန်း 100GBps အထိရှိပါ တယ်။ ကေဘယ်လ်သွယ်တန်းပြီးရင် အော်ပရေတာတွေ လိုအပ်မယ်ဆိုရင် အခကြေးငွေနဲ့ ငှားရမ်းသွား ပါမယ်”ဟု ဆိုသည်။

Sea-Me-We 5 ကေဘယ်လ် သွယ်တန်းမှုလုပ်ငန်းများကို ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ်ဆောင် ရွက်နိုင်ရန် ခန့်မှန်းထားသည်ဟုလည်း ဦးစိုင်းစောလင်းထွန်းက မဇ္ဈိမကို ပြောသည်။

လက်ရှိအချိန်တွင် ပြည်တွင်းအင်တာနက် အသုံးပြုမှုကိုSea-Me-We 3 ကေဘယ်လ်ဖြင့် အသုံးပြုနေကာ Sea-Me-We 5 နှင့်ချိတ်ဆက်ပြီးပါက ကေဘယ်လ်လိုင်းတစ်လိုင်းပြတ်တောက်ပါက အရန်အဖြစ် အသုံး ပြုနိုင်မည်ဖြစ်သည့်အပြင် ယခင်အသုံးပြုနေသည့် ကေဘယ်လ်ထက်နည်းပညာများတွင် သာလွန်ကောင်း မွန်သွားမည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း နည်းပညာကော် မတီဥက္ကဋ္ဌ ဦးရဲကျော်သိန်းက သုံးသပ် ပြောကြားသည်။
စင်ကာပူနိုင်ငံမှတစ်ဆင့် ဥရောပအရှေ့နှင့် အနောက်ကို ရေအောက်မှတစ်ဆင့်သွယ်တန်းမည့်Sea-Me-We 5 ကေ ဘယ်လ်ကြိုးမှာ ကီလိုမီတာ ၂၀,၀၀၀ (၁၂,၄၀၀ မိုင်)ခန့်ရှိပြီး ကမ္ဘာပေါ်တွင် ပဉ္စမမြောက်တပ် ဆင်ခြင်းလည်းဖြစ်သည်။

Sea-Me-We 5 ကေဘယ်လ်သွယ်တန်းရန်အတွက် လုပ်ငန်းများလုပ်ကိုင်ရန် AlcatelLucent နှင့် NEC ကုမ္ပဏီတို့ကို ရွေးချယ်ထားခဲ့ပြီးဖြစ်သည်။
 
Credit To: Mizzima - News in Burmese



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>