6/02/2014

♪ Oppo က R6007 စမတ်ဖုန်းကို ကြေညာ ♫

Photo: Oppo က R6007 စမတ်ဖုန်းကို ကြေညာ
=============================

Oppo က R6007 စမတ်ဖုန်းကို ကြေညာလိုက်ပြီး Find 7 နှင့် ဒီဇိုင်းတူညီသောကြောင့် Find 7 Mini ဖြစ်သည် ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ Find 7 စမတ်ဖုန်းသည် ကုမ္ပဏီ၏ ပထမဆုံး ၅.၅ လက်မအရွယ် Quad HD ဖုန်းဖြစ်ပါသည်။ 

Oppo R6007 တွင် ၄.၇ လက်မအရွယ် 1280x720 Resolution Display တပ်ဆင်ထားပါသည်။ 1.6GHz Quad-Core CPU တပ်ဆင်ထားသည့်  Snapdragon 400 SoC ကို အသုံးပြုထားပါသည်။ Adreno GPU, 1GB RAM, 8GB Internal Storage ပါရှိပါသည်။ MicroSD Card အသုံးပြုနိုင်ပါသည်။ အနောက်ဘက်တွင် 8 Megapixel Camera နှင့်  မျက်နှာချင်းဆိုင်တွင် 2 Megapixel Camera တပ်ဆင်ထားပါသည်။ 2140mAh Battery နှင့် Android 4.3 Jelly Bean ကို မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ အရွယ်အစား အပြည့်အစုံမှာ 137 x 68 x 7.75 mm  ဖြစ်ပြီး အလေးချိန်မှာ ၁၂၈ ဂရမ် ဖြစ်ပါသည်။

Oppo R6007 ကို တရုတ်ယွမ်ငွေ ၁၇၉၉ (ဒေါ်လာ ၂၈၈) ဖြင့် တရုတ်တွင် ဇွန်လသုံးရက်နေ့၌ စတင်ရောင်းချပေးမည် ဖြစ်သည်။ R6007 ကို အနက်ရောင်နှင့် အဖြူရောင် ထုတ်လုပ်ပေးထားပါသည်။ 
Oppo က မကြာမီက Oppo N1 ၏ အရွယ်ငယ်သည့် အမျိုးအစားဖြစ်သည့် Oppo N1 Mini ကို ကြေညာခဲ့ပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>