6/02/2014

♪ Acer က စမတ်ဖုန်းငါးလုံး ၊ တက်ဘလက်တစ်လုံး နှင့် စမတ်လက်ပတ် တစ်ခုကို ပြသ ♫

Photo: Acer က စမတ်ဖုန်းငါးလုံး ၊ တက်ဘလက်တစ်လုံး နှင့် စမတ်လက်ပတ် တစ်ခုကို ပြသ
================================================

Acer က ဇွန်လသုံးရက်နေ့တွင်  ပြုလုပ်မည့် Computex 2014 ပွဲမတိုင်မီတွင် Device အသစ်များကို ပြသလိုက်ပါသည်။ အဆိုပါ Device များတွင် Acer Liquid X1, E700, E600, Liquid Jade, Liquid Z200 စမတ်ဖုန်းငါးလုံး ၊ Iconia 8 Tablet နှင့် Liquid Leap စမတ်လက်ပတ်တို့ ပါရှိပါသည်။ 
စမတ်ဖုန်းများထဲတွင် စွမ်းဆောင်ရည် အမြင့်ဆုံးမှာ Acer Liquid X1 ဖြစ်ပြီး Octa-Core LTE Smartphone ဖြစ်သည်။ ၅.၇ လက်မ IPS 720p Display နှင့် Android KitKat  ပါရှိပါသည်။ 1.7GHz Processor, 2GB RAM ပါရှိပါသည်။ အဓိက 13 MP Camera က 1080p Video များကို ရိုက်ကူးပေးနိုင်ပါသည်။ 16GB Internal Storage နှင့် MicroSD Card အသုံးပြုနိုင်ပါသည်။ 2700mAh Battery ပါရှိပါသည်။ 

Acer Liquid 700 နှင့် 600 တွင် Android KitKat နှင့် MicroSD Card Slot များပါရှိပါသည်။ Liquid E700 သည် E600 ထက် စွမ်းဆောင်ရည်ပိုကောင်းပြီး E700 တွင် 1.2GHz Quad-Core Processor, 2GB RAM, 3500mAh Battery တပ်ဆင်ထားပါသည်။ E700 တွင် SIM Card သုံးခုအသုံးပြုနိုင်ပါသည်။ ငါးလက်မ IPS 720p Display , 8MP Camera တပ်ဆင်ထားပါသည်။ 

E600 တွင်လည်း E700 ကဲ့သို့ အရွယ်အစားတူညီသည့် မျက်နှာပြင်တပ်ဆင်ထားသော်လည်း 480x854 Pixel Resolution သာရှိပါသည်။ 1.2 GHz Quad-Core Snapdragon 400 Processor , 1GB RAM, 2500mAh Battery တပ်ဆင်ထားပြီး E700 တွင် အသုံးပြု၍မရသည့် LTE ဆက်သွယ်မှုကို အသုံးပြုနိုင်ပါသည်။ 

Liquid Jade တွင် ငါးလက်မ IPS 720p Display , 1.3GHz Quad-Core Processor, 1GB RAM, 13 MP Camera, 2100mAh Battery ပါရှိပါသည်။ 

Liquid Z200 တွင် လေးလက်မ WVGA 480x800 Display , 1GHz Dual-Core Processor, 512MB RAM, 2MP Camera, 1300mAh Battery တပ်ဆင်ထားပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>