6/20/2014

♪ LG G3 ဇူလိုင်လ ပထမပတ် တွင် ဈေးကွက်ဝင်မည် ♫



LG မှ နောက်ဆုံး ထွက်ရှိထားသော G3 စမတ်ဖုန်းကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ပထမပတ် အတွင်း ပြည်တွင်း ဈေးကွက်တွင် ဝယ်ယူနိုင်မည်ဖြစ်သည်။        “LG G3 ဟာ ကျွန်တော်တို့ LG အီလက် ထရွန်းနစ် အင်ဂျင်နီယာတွေ၊ ဝန်ထမ်းတွေအားလုံးရဲ့ စွမ်းဆောင်ရည် ပြယုဂ်တစ်ခုပါ။ Laser Auto Focus ပါဝင်တဲ့ OIS+ ကင်မရာ၊ resolution 2540x1440 ထိထောက်ပံ့နိုင်တဲ့ QHD မျက်နှာပြင်ရဲ့ pixel သိပ်သည်းဆက 538ppi (pixel per inch) ရှိပါတယ်။ ဖြုတ်/တပ်နိုင်တဲ့ 3000mAh ဘက်ထရီ၊ နောက်ဆုံးပေါ် Android OS 4.4.2 (KitKat) အပြင် Processor က 2.5GHz Quad-Core CPU နဲ့တွဲဖက်ပြီး Qualcomm က ထုတ်ထားတဲ့ Snapdragon 801 ချစ်ပ်ကို တပ်ဆင်သုံးစွဲထားပါတယ်။


အဲဒါကြောင့် နေ့စဉ်စမတ်ဖုန်းသုံးစွဲခြင်းနဲ့ အင်တာနက်အသုံးပြုခြင်းတွေမှာ လျှပ်စီးလိုလျင်မြန်တဲ့ နှုန်းနဲ့ သုံးစွဲနိုင်မှာဖြစ်ပါတယ်” ဟု LG အီလက်ထရွန်းနစ် (မြန်မာ)၏ မန်နေဂျင်းဒါရိုက်တာ Mr.Min Park မှပြော သည်။ အဆိုပါ LG G3 စမတ်ဖုန်း၏ တန်ဖိုးမှာ ကျပ်ခြောက်သိန်းခွဲနှင့် ခုနစ်သိန်းကြားရှိမည်ဖြစ်ကြောင်း LG အီလက်ထရွန်းနစ် မြန်မာမှသိရသည်။


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>