6/20/2014

♪ ရွေးကောက်ပွဲရလဒ်ကို မိုဘိုင်းဖုန်းမှတိုက်ရိုက်ကြည့်ရှုနိုင်မည် ♫

http://burma.irrawaddy.org/wp-content/uploads/2013/04/election-party.jpg

လာမည့်ရွေးကောက်ပွဲအတွင်း မသမာမှုများနှင့် အနိုင်အရှုံးရလဒ်များကို မိုဘိုင်းဖုန်းမှတစ်ဆင့်ကြည့် ရှုနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း Myanmar ICT for Development Organizaiton (MIDO) မှ Admin and Logistics Manager မရတနာထွန်းကပြောသည်။     MIDO အဖွဲ့သည် အခြားသော အဖွဲ့နှစ်ခုနှင့် ပူးပေါင်း၍ နည်းပညာကို အသုံးပြုကာ ရွေးကောက်ပွဲ မသမာမှုနှင့် ရွေးကောက်ပွဲရလဒ်များကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်စေရန် စီစဉ်နေခြင်းဖြစ်သည်။ “Mobile Platform တင်မဟုတ်ဘူး။ Web Platform အနေနဲ့ပါ ကြည့်လို့ရအောင် စီစဉ်ထားတာပါ” ဟု မရတနာထွန်းကပြောသည်။     ရွေးကောက်ပွဲ မသမာမှုများနှင့် ရွေးကောက်ပွဲရလဒ်များ အချိန်နှင့် တစ်ပြေးညီ အင်တနက်ပေါ်၌ တင်ဆက်နိုင်ရန် MIDO အဖွဲ့သည် ရွေးကောက်ပွဲ လ့လာစောင့်ကြည့်ရေး အဖွဲ့များနှင့်ပူးပေါင်းသွားမည်ဟု သိရသည်။ လက်ရှိအချိန်၌ လေ့လာစောင့်ကြည့်ရေးအဖွဲ့များနှင့် ညှိနှိုင်းထားခြင်း မရှိသေးသော်လည်း အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးနိုင်ရန် လေ့လာစောင့်ကြည့်ရေး အဖွဲ့များ၏ အကူအညီများစွာ လိုအပ်ကြောင်း မရတနာထွန်းက ဆိုသည်။     “လောလောဆယ် လုပ်ထားတာကတော့ အကြမ်းပဲရှိသေးတယ်။ စိတ်ပါဝင်စားသူတွေကလည်း ရွေးကောက်ပွဲ မဲပေးနေချိန်တွေမှာ မရိုးသာမှုတွေ ၊ မသမာမှုတွေ ကြုံတွေ့ရတယ်ဆိုရင် ပူးပေါင်းပါဝင်ပြီး Report လုပ်ပေးဖို့လည်း လိုအပ်ပါတယ်။ ရွေးကောက်ပွဲ ညနေပိုင်းဆိုရင်တော့ ရလဒ်တွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြမှပါ” ဟု ၎င်းကပြောသည်။     ရွေးကောက်ပွဲနှင့်ပတ်သက်၍ မရိုးသားမှုများနှင့် ရလဒ်များကို အခမဲ့ကြည့်ရှုနိုင်မည့် မိုဘိုင်းအက်ပလီကေးရှင်းကို အခမဲ့ဒေါင်းလုဒ်ပေးသွားမည်ဖြစ်ပြီး အင်တာနက်ပေါ်၌ တင်ဆက်ပေးမည့် ဝက်ဘ်ဆိုက်လိပ်စာကိုလည်း အချောသပ်ပြီးစီသည့်အခါ သတင်းထုက်ပြန် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။     သတင်းအချက်အလက်များကို တင်ဆက်ပေးရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာရှိ မဲရုံများနှင့် ချိတ်ဆက်နိုင်ရန် ရည်ရွယ်ထားပြီး မြို့နယ်အလိုက် အနိုင်အရှုံးရလဒ်များကို တင်ဆက်ပေးနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။ မြို့နယ်အလိုက် အနိုင်အရှုံးရလဒ်များကို တင်ဆက်နိုင်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာ၏ မဲအရေအတွက် ကိုကြေညာသည့်အခါ အမှားအယွင်းပြန်လည် တွက်ချက်နိုင်ကြောင်း သိရသည်။     Hackathon ပြိုင်ပွဲ၌ ဆုရရှိခဲ့သည့်အဖွဲ့နှင့် MIDO အဖွဲ့သည်လက်ရှိ၌ အထက်ပါပရောဂျက်ကို ပူးပေါင်းထားကြောင်း၊ အဓိကရည်ရွယ်ချက်သည်ရွေးကောက်ပွဲ ရလဒ်နှင့်ရွေးကောက်ပွဲမသမာမှုများကို နည်းပညာအကူအညီဖြင့် အချိန်နှင့်တစ်ပြေးညီ သိရှိစေရန် ဖြစ်သည်။ ယခင်ကရွေးကောက်ပွဲနှင့် ပတ်သက်၍ တစ်နေရာတည်း၌ သတင်းအချက်အလက် ဖော်ပြနိုင်ခြင်းမရှိသည့်တွက် လူမှုကွန်ရက်အင်တာနက် စာမျက်နှာ၌ပြည်သူတို့က သတင်းအချက်အလက် တင်ဆက်ခဲ့သည်ဟု သိရသည်။

Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>