Apple မှထုတ်လုပ်သော Limited Edition ဖုန်းများဖြစ်သည့် ၂၄ ကာရက်ရွှေအစစ်ဖြင့် ပြုလုပ်ထားသော iPhone 5S များအားမိုးရာသီ ပရိုမိုးရှင်းအတွက် အထူးဈေးနှုန်းများဖြင့် ရောင်းချပေးသွား မည်ဖြစ်ကြောင်းသိရသည်။ လက်ရှိဈေးကွက်အတွင်းတွင် ရွှေအစစ်ဖြင့်ပြုလုပ်ထားသော iPhone 5S များ၏ အများစုမှာ 16GB များသာဖြစ်သော်လည်း ယခုပရိုမိုးရှင်းပြုလုပ် ရောင်းချမည့်စာရင်းတွင် 32GB ဖုန်းများပါ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ ပရိုမိုးရှင်း အစီအစဉ်တွင် ၂၄ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော iPhone 5S 16GB အား ကျပ် ၂၃ သိန်းဝန်းကျင်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး 32GB အား ကျပ်၂၆ သိန်း ဝန်းကျင်ဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။ အရောင်များအနေဖြင့်လည်း မျက်နှာပြင် အဖြူရောင်နှင့် အနက်ရောင်နှစ်မျိုးစလုံး ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပရိုမိုးရှင်း အစီအစဉ်အား Smart Talk မိုဘိုင်းဖုန်းအရောင်းဆိုင်မှ ပြုလုပ်ပေးခြင်းဖြစ်ပြီး Smart Talk လှည်းတန်းနှင့် Smart Talk လသာ ၂ ဆိုင်စလုံးတွင် တစ်ပြိုင်တည်း ပြုလုပ်ပေးသွား မည်ဟုသိရသည်။ လက်ရှိမိုဘိုင်းဖုန်း ဈေးကွက်အတွင်း တွင် ရွှေအစစ်ဖြင့်ပြုလုပ် ထားသောအဆိုပါ iPhone 5S 16 GB များ၏ ပေါက်ဈေးမှာ ကျပ် ၂၄ သိန်း နှင့် ၂၅ သိန်းဝန်းကျင် အတွင်းတွင်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပရိုးမိုးရှင်းအစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုသူများ အနေဖြင့်ဖုန်း ၀၉၄၃၀၂၀၄၃၀ တွင်ဆက်သွယ်စုံစမ်း နိုင်မည်ဖြစ် သည်။