5/09/2017

♪ ပီစီကနေ SMS ပေးပို့နိုင်တဲ့ App များ ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/0.jpg?fit=800%2C450&ssl=1

ကွန်ပြူတာနဲ့ အလုပ်လုပ်နေကြသူများအတွက် SMS ပေးပို့ချင်တဲ့ အခါ စမတ်ဖုန်းကို ထုတ်ရတာ အလုပ်ရှုပ်သလို ဖြစ်စေပါတယ်။ အဲဒီအစား ကွန်ပြူတာကနေပဲ SMS ပေးပို့နိုင်ရင် အဆင်ပြေမှာပါ။ ဒီလို လုပ်ပေးနိုင်တဲ့ App များစွာ မရှိပေမယ့် အကောင်းဆုံးများကို ရွေးချယ်ပေးလိုက်ပါတယ်။

AirDroid
PC ကနေ SMS ပေးပို့တဲ့ Apps များထဲမှာ AirDroid က နာမည်ကြီးပါတယ်။ Set Up လုပ်ရတာလည်း လွယ်ကူပါတယ်။ သူ့မှာ ဖိုင်များကို ပေးပို့ခြင်း၊ Backup & Sync ပြုလုပ်ခြင်းနဲ့ Contact Management အပါအ၀င် စွမ်းဆောင်ချက်များစွာ ပါပါတယ်။ ပီစီမှာ Screenshot များကိုတောင် ရိုက်နိုင်ပါတယ်။ အခမဲ့ အသုံးပြုနိုင်ပြီး အခပေး ဗားရှင်းမှာ အရွယ်ကြီးမားတဲ့ ဖိုင်များ ပေးပို့ခြင်း၊ ဖိုဒါများ ပေးပို့ခြင်းတို့ကို သုံးနိုင်ပါတယ်။
Download

Join by joaoapps
Join ဟာ အသစ်ထွက်ပေါ်လာတဲ့ App ဖြစ်ပါတယ်။ ဖုန်းမှာ App ကို အင်စတောလုပ်ရမှာ ဖြစ်ပြီး ပီစီရဲ့ ဘရောက်စာမှာ Extension ကို အင်စတော လုပ်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ပီစီကနေ SMS များ ပေးပို့နိုင်ပါတယ်။ ဖုန်းမှ Notifications များကိုလည်း ပီစီမှာ ပြသပေးနိုင်ပါတယ်။ Devices များအကြားမှာ Clipboard များ မျှဝေနိုင်ပါတယ်။ ဖုန်းမှ Tasker နဲ့ Google Assistant တို့ကိုလည်း ခိုင်းစေနိုင်ပါတယ်။ ဖုန်းမှာ Screenshot များကို ပီစီကနေ ရိုက်နိုင်ပါတယ်။ သင့်ရဲ့ တည်နေရာကိုတောင် မျှဝေနိုင်ပါတယ်။ ဒါပေမယ့် ရက် ၃၀ သာ စမ်းသပ် သုံးနိုင်ပြီး ၅ ဒေါ်လာဖြင့် ၀ယ်ယူရမှာပါ။
Download

MightyText
MightyText ဟာ နာမည်ကြီးပြီး SMS, MMS များ ပေးပို့နိုင်ပါတယ်။ ဖုန်းမှ Notification များကိုလည်း ပီစီမှာ ကြည့်နိုင်ပါတယ်။ ဖုန်းဘက်ထရီ အားနည်းနေရင်တောင် သူက ပြသပေးပါတယ်။ အခမဲ့ ဗားရှင်းမှာ တစ်လလျှင် SMS ပေါင်း ၂၅၀ ကို ပေးပို့နိုင်ပါတယ်။ တစ်လလျှင် ၅ ဒေါ်လာဖြင့် ၀ယ်သုံးရင် SMS အကန့်အသတ် မရှိပေးပို့နိုင်ပါတယ်။
Download

mysms
mysms က နာမည်သိပ်မကြီးပေမယ့် ရွေးချယ်စရာ တစ်ခုပါ။ Browser Extension မလိုဘဲ သုံးနိုင်တာက ထူးခြားပါတယ်။ iOS, Android, Microsoft Windows, iPad, Mac OS တို့မှာ သူ့ကို သုံးနိုင်ပါတယ်။ Chrome Extension ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ အခမဲ့ ဗားရှင်းမှာ ပီစီကနေ SMS များပေးပို့နိုင်ပါတယ်။ အခပေး ဗားရှင်းမှာ အပို စွမ်းဆောင်ချက်များ ပါပါတယ်။ တစ်နှစ်လျှင် ၁၀ ဒေါ်လာဖြင့် သုံးနိုင်ပါတယ်။
Download

Pushbullet
Pushbullet က ပီစီကနေ SMS ပေးပို့နိုင်တဲ့ နာမည်ကြီး App တစ်ခုပါ။ ဖုန်းမှာ သူ့ရဲ့ App နဲ့ ပီစီမှာ Browser Extension ကို သုံးရမှာ ဖြစ်ပါတယ်။ စာပေးပို့ခြင်း အပြင် ဖိုင်များ ပေးပို့ခြင်း၊ Notifications များကြည့်ခြင်းနဲ့ အခြားအရာများကို သုံးနိုင်ပါတယ်။ အခမဲ့ သုံးရင် တစ်လလျှင် SMS အစောင် ၁၀၀ ပေးပို့နိုင်ပြီး တစ်လလျှင် ၅ ဒေါ်လာဖြင့် ၀ယ်ယူ အသုံးပြုရင် အကန့်အသတ် မရှိ ပေးပို့နိုင်ပါတယ်။
Download




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com