Samsung က ဒီဇိုင်းဆန်းသစ်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Galaxy S8
Phone များကို ရောင်းချပေး လိုက်ပါပြီ။ Galaxy Note 7 ရဲ့ ဘက်ထရီ
ပြဿနာများကြောင့် ဂုဏ်သိက္ခာကျဆင်းခဲ့ရတဲ့ Samsung ဟာ ဖောက်သည်များရဲ့
ယုံကြည်မှု ပြန်လည် ရရှိအောင် Galaxy S8 Phone များကို အထူး ဖန်တီးထားပါတယ်။
ဒါပေမယ့်လည်း S8 Phone များမှာ ပြဿနာ အချို့ရှိနေတယ်လို့ Users များက
ပြောပြကြပါတယ်။
S8 ရဲ့ Audio ပြဿနာ
Samsung Community Forum မှာ Users များက S8 နဲ့ S8 Plus မှာ အသံပိုင်းဆိုင်ရာ ပြဿနာများ ရှိနေတယ်လို့ ဆွေးနွေးထားကြပါတယ်။ သီချင်းများ နားထောင်တဲ့ အခါ၊ YouTube Videos များ ကြည့်တဲ့အခါနဲ့ ဂိမ်းများ ကစားတဲ့ အခါမှာ အသံဟာ ထစ်သွားတယ်လို့ ပြောကြပါတယ်။ ဒီပြဿနာဟာ စပီကာက ထွက်လာတဲ့ အသံကြောင့် ဖြစ်ပြီး Headphone များကြောင့် မဟုတ်ပါဘူး။ စပီကာကို ဖိထားရင် အသံ ထစ်ခြင်း မရှိတော့တဲ့အတွက် ချိတ်ဆက်ထားတဲ့ ကြိုးများ ချောင်နေလို့ ဖြစ်မယ်လို့ User များက သုံးသပ်ပါတယ်။
Samsung က ဒီပြဿနာဟာ App သို့မဟုတ် Software ကြောင့်လို့ ပြောပြီး Safe Mode မှာ ၁ နာရီ သို့မဟုတ် ၂ နာရီလောက်ထား၍ အသံကို စောင့်ကြည့်ဖို့ အကြံပေးထားပါတယ်။ ဒီလို ပြုလုပ်တော့လည်း ပြဿနာဟာ ပြေလည်ခြင်း မရှိပါဘူး။ User တစ်ယောက်က Galaxy S7 နဲ့ S7 Edge မှာလည်း အလားတူ ပြဿနာ ရှိတယ်လို့ ပြောပါတယ်။ သူက S8 မှာ Developer Options ကို Enable လုပ်ပြီး Developer Options > Media ထဲသွား၍ Prevent USB audio routing ကို On ပေးဖို့ အကြံပြုထားပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ Galaxy S7 မှာ အသံပြဿနာ ပြေလည်သွားတယ်လို့ ဆိုပြီး S8 များမှာလည်း ပြေလည်ကောင်း ပြေလည်သွားနိုင်ပါတယ်။ S8 နဲ့ S8 Plus မှာ စပီကာများကို စစ်ဆေးချင်ရင် Safe Mode ထဲသွားပြီး *#0*# ကို ဖုန်းခေါ်ပါ။
S8 ရဲ့ Rebooting ပြဿနာ
Samsung Community Forum မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းတွင် S8 ရဲ့ Reboot ပြဿနာကို တင်ပြထားကြပါတယ်။ Factory Reset လုပ်လိုက်တဲ့ အခါမှာ အဲဒီ ပြဿနာ ပြေလည်သွားပေမယ့် နာရီပိုင်းအတွင်းမှာ ပြန်ဖြစ်ကြပါတယ်။ User အချို့က ဒီပြဿနာကို ဖြေရှင်းဖို့ Reboot လုပ်တဲ့ အခါမှာ ပါဝါ ပြန်မပွင့်တဲ့ ပြဿနာကို ကြုံတွေ့ခဲ့ကြပါတယ်။
Samsung ကတော့ ဒီပြဿနာကို ဖြေရှင်းမယ့် နည်းလမ်းကို မပြောသေးပါဘူး။ User အချို့က ဒါဟာ microSD Card ကြောင့်လို့ ပြောပါတယ်။ အချို့က ဖုန်း Restart ကျပြီးနောက်မှာ “ Transfer files to SD card “ Notification ကို မြင်ရတယ်လို့ ပြောပါတယ်။ အချို့ကလည်း ကဒ်ကနေ Apps များကို ဖယ်ရှားခြင်း၊ Internal ထဲသို့ ပြောင်းရွှေ့ခြင်းများ လုပ်ရင် ဒီပြဿနာ ဖြစ်တယ်လို့ ပြောပါတယ်။
Samsung က ဒီလို ဖြစ်ရင် ပြင်ဆိုင်ကို ပို့ဖို့ သို့မဟုတ် ဖုန်းလာအပ်ပြီး ငွေပြန်ယူဖို့ အကြံပြုထားပါတယ်။ ဒီနေ့အထိတော့ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ကုမ္ပဏီက တရားဝင် မကြေညာသေးပါဘူး။ ဒီလို ဖုန်း Restart ကျခြင်းဟာ အလွန် ဆိုးဝါးတဲ့ ပြဿနာ ဖြစ်တဲ့အတွက် အမြန်ဆုံး ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။ Software Update က ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ထင်ရပါတယ်။
S8 ရဲ့ Display ပြဿနာ
S8 ရဲ့ Super AMOLED Display ဟာ အရောင်များ အလွန် တိကျပြီး အသေးစိတ်ကျပါတယ်။ ဒါပေမယ့် စကရင် အနီရောင်သမ်းတဲ့ ပြဿနာများ ဖြစ်နေတယ်လို့ Users များက ဆွေးနွေးနေကြပါတယ်။ ဒီပြဿနာဟာ Indium Gallium Zinc Oxide အစား Low-Temperature Polycrystalline Silicon ကို အသုံးပြုထားလို့လို့ ပြောပါတယ်။
Samsung က ဒီပြဿနာကို ဖြေရှင်းဖို့ Software Update ကို ဖြန့်ချီပေးထားပြီး Color Settings ကို နှစ်သက်သလို ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။ Software Update ကို ရယူပြီးနောက်မှာ ဒီပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
S8 ရဲ့ Home Button ပြဿနာ
S8 ပိုင်ရှင်အချို့က Home Button အလုပ် မလုပ်တဲ့ ပြဿနာကို တင်ပြကြပါတယ်။ ဖုန်းကို Lock လုပ်ပြီးနောက်မှာ Vibrate ဖြစ်ပြီး စကရင် ပြန်ပွင့်လာပါတယ်။ အဲဒီနောက်မှာ Password or Fingerprint ကို တောင်းဆိုကြတယ်လို့ ပြောကြပါတယ်။
XDA Forum မှ Users များက Accessibility မှာ Apps များကို Disable လုပ်တဲ့အခါနဲ့ Passcode ကို ဖယ်ရှားလိုက်တဲ့ အခါမှာ ဒီပြဿနာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါဟာ Home Button ရဲ့ Sensitivity Setting နဲ့ သက်ဆိုင်တယ်လို့ ထင်ရပါတယ်။ S8 မှာ Physical Home Button မပါတဲ့ အတွက် Software Update က ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ထင်ရပါတယ်။