5/16/2017

♪ “ပေါ့ပါးတဲ့ဒီဇိုင်းနဲ့ Dual-SIM စမတ်ဖုန်း သုံးလိုသူတွေအတွက် Desire Series” ♫

Image may contain: 2 people, people smiling, phone

 <HTC Desire 728G>

ဖုန်းရဲ့တည်ဆောက်ထားမှုပုံစံကို ကြည့်လိုက်မယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါး နဲ့အလွယ်တကူသယ်ဆောင်သွားနိုင်မယ့် ဒီဇိုင်းလေးပါ။ မျက်နှာပြင် ၅.၅ လက်မဟာ ကိုယ်ထည်တစ်ခုလုံးရဲ့ ၇၂% လောက် ပေါ်လွင်နေစေမှာပါ။ ပုံရိပ်တစ်ခုချင်းစီ အတွက် အသေးစိတ်ဖော်ပြနိုင်စွမ်းလို့ သတ်မှတ်နိုင်တဲ့ PPI ကတော့ 401 ဖြစ်ပါတယ်။ ထင်ရှားပြတ်သားတဲ့ ပုံရိပ်တွေကို ဖော်ပြပေးနိုင် ပါလိမ့်မယ်။ အရောင်ရွေးချယ်မှုအပိုင်းအတွက်တော့ အဖြူနဲ့အနက်ကို အခြားအရောင်စပ်တွေ သုံးထားမှာပါ။ မျက်နှာပြင်ဟာ 720x1280p ဖော်ပြနိုင်စွမ်းရှိမှာဖြစ်တာကြောင့် 720p အရည်အသွေး ရုပ်ရှင်တွေကို ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်ပါလိမ့်မယ်။ Sim အမျိုးအစားကတော့ HTC ဖုန်းတွေရဲ့အစဉ်အလာအတိုင်း dual stand-by သုံးနိုင်မယ့် Nano Sim ဖြစ်တာကြောင့် အသေးဆုံးအခြေအနေထိရောက်အောင် လှီးဖြတ်ရပါ လိမ့်မယ်။ ဆက်သွယ်နိုင်မယ့်ကွန်ရက်ကတော့ GSM တင် မဟုတ်ဘဲ၊ ဆင်းကတ်နံပါတ် ၁ ဟာ CDMA, GSM, WCDMA တွေထည့်သုံးနိုင်မှာပါ။ အလေးချိန်ကလည်း ၅အောင်စသာ လေးမှာဖြစ်ပြီး ပိုလီကာဗွန်နိတ်ဟာ လက်ထဲမှာ အလိုက်သင့်ဖြစ်နေပါလိမ့်မယ်။ ကင်မရာရိုက်ကူးမှုအတွက်တော့ 13MP နောက် ကျောဘက်ကင်မရာဟာ ပုံရိပ်တွေကို မြန်ဆန်စွာဖမ်းယူနိုင် ပါလိမ့်မယ်။ ပုံရိပ်အရည်အသွေးကတော့ 4160 x 3120 pixels နဲ့ရနိုင်မှာ ဖြစ်ပြီး ဗီဒီယိုရိုက်ကူးမယ်ဆိုရင်တော့ 1080p@30fps နဲ့ရိုက်နိုင်ပါလိမ့်မယ်။ 13MP ကင်မရာနဲ့ ရိုက်ကူးထားတဲ့ပုံတွေကိုလည်း ပြန်လည်ပြင်ဆင်နိုင်ပါဦး မယ်။

ပုံတွေမှာ အရောင်တွေသွင်းမှု၊ ဘောင်တွေထပ်ထည့်တာတွေအပြင် စိတ်ကြိုက်ပုံစံလေး တွေနဲ့အလင်းအမှောင်ချိန်ညှိနိုင်မှာပါ။ Octa-core ပရိုဆက်ဆာသုံးထားပြီး OS ကိုလည်း update ဗားရှင်းလို့သတ်မှတ်နိုင်တဲ့ Android OS v5.1.1 (Lollipop) ကို မောင်းနှင်ပေးထားပါတယ်။ HTC ကိုယ်ပိုင်ဖုန်းတွေမှာထည့်သွင်းပေးထားတဲ့ sense ကို အဆင့်မြှင့်ထားတဲ့ 7 ကို သုံးနိုင်ပါတယ်။ နောက်ထပ်တစ်ခုကတော့ ဖုန်းထဲမှာ ရှိနေတဲ့ cache ဖိုင်၊ history တွေကိုရှင်းလင်းနိုင် ပြီး ဖုန်းရဲ့လုပ်ဆောင်ချက်ကို ပိုမို မြန်ဆန် နိုင်စေဖို့အတွက် သုံးနိုင်မယ့် app ဖြစ်တဲ့ Clean Master ကို တစ်ပါတည်း ထည့်သွင်းကာ install လုပ်ပေးထားပါတယ်။ နောက်ထပ်လုပ်ဆောင်ချက် ကတော့ နည်းပညာနဲ့ပတ်သက်တဲ့ သတင်း၊ ကမ္ဘာပေါ်မှာ နောက်ဆုံးဖြစ်ပျက် နေတဲ့သတင်းတွေကို အချိန်နဲ့ တစ်ပြေးညီသိရှိနိုင်အောင် ဖော်ပြပေးနေတဲ့ Blinkfeed ပဲဖြစ်ပါတယ်။ Reading list သတ်မှတ်ထားနိုင်သလို၊ မိမိအမြဲ ဖတ်ချင်တဲ့သတင်းဌာနတွေက News တွေကို highlights ပြုလုပ်ထား နိုင်ပါသေး တယ်။ ဒါဟာ HTC သုံးစွဲသူတွေအတွက် သီးသန့်ရတဲ့လုပ်ဆောင် ချက်ပါ။ Hardware ပိုင်းထည့်သွင်းထားမှုကတော့ နောက်ဆုံး ပေါ် high-end ဖုန်းတွေမှာသာမြင်တွေ့ရလေ့ရှိတဲ့ Octa-core ပရိုဆက်ဆာကို တပ်ဆင်ပေး ထားပါတယ်။ ဒါပေမယ့် မြန်ဆန်မှု အသားပေးနဲ့ ရှေ့တန်းရောက်နေတဲ့ Snapdragon တော့ မဟုတ်ပါဘူး။ ပြည်တွင်းကို ၀င်ရောက်လာနေတဲ့ အလယ်အလတ်အဆင့်ဖုန်းတွေမှာ သုံးလေ့ရှိတဲ့ Media tek MT6753 ဖြစ်ပါတယ်။ အမြန်နှုန်းကတော့ 1.3GHz ရှိမှာဖြစ်ပါတယ်။ အခြားသော ပရိုဆက်ဆာထုတ်လုပ်သူတွေနဲ့မတူညီပေမယ့် Mediatek ကလည်း မြန်ဆန်သွက်လက်တဲ့ဂိမ်းစွမ်းအားနဲ့ application တွေရဲ့ ဖွင့်လှစ်သုံးစွဲတဲ့ အခါမှာ ခပ်သွက်သွက် run နိုင်စွမ်းကိုရရှိစေပါလိမ့်မယ်။

ဂရပ်ဖစ်ရုပ်ထွက်ပိုင်းကို တာဝန်ယူပေးမယ့် GPU ကိုတော့ Mali-T720MP3 ကို သုံးထားပါတယ်။ အချက်အလက်သိုလှောင် သိမ်းဆည်းချင်သူတွေအတွက် ကတော့ 8GB သာ ပါဝင်တာကြောင့် SD card ကို သုံးစွဲပြီးတော့ ထပ်မံတိုးမြှင့်ရ ပါလိမ့်မယ်။ 1.5GB RAM နဲ့အတူ storage ကို ထပ်တိုးမယ်ဆို ရင် 2TB အထိ တိုးမြှင့်နိုင်ပါလိမ့်မယ်။ ဘက်ထရီဟာ Li-ion 2800mAh ကို သုံးထားပြီး အင်တာနက်သုံးစွဲတာ၊ သီချင်းနားထောင်တဲ့အခါတွေမှာ အတော်လေးကြာရှည်ခံတာကိုတွေ့ရပါတယ်။

<Specifications>

5.5" Capacitive Touchscreen (1280x720)
1.3GHz Octa Core
Storage 8GB (Up to 2TB)
RAM 1.5GB
Rear 13MP & 5MP Front Camera
Android 5.1 OS (Lollipop)
Li-Po 2800mAh Battery
Dual SIM : CDMA 3G+ GSM 2G
Ks - 265,000/-

<HTC Desire 626G+>

ဖုန်းရဲ့တည်ဆောက်ထားမှုပုံစံကို ကြည့်လိုက်မယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါး နဲ့အလွယ်တကူသယ်ဆောင်သွားနိုင်မယ့် ဒီဇိုင်းလေးပါ။ မျက်နှာပြင် ၅.၀ လက်မဟာ ကိုယ်ထည်တစ်ခုလုံးရဲ့ ၆၆% လောက်ပေါ်လွင်နေစေမှာပါ။ ပုံရိပ်တစ်ခုချင်းစီ အတွက် အသေးစိတ်ဖော်ပြနိုင်စွမ်းလို့သတ်မှတ်နိုင်တဲ့ PPI ကတော့ 294 ဖြစ်ပါတယ်။ မျက်နှာပြင်ဟာ 720x1280p ဖော်ပြနိုင်စွမ်းရှိ မှာဖြစ်တာကြောင့် 720p အရည်အသွေးရုပ်ရှင်တွေကို ကြည်လင် ပြတ်သား စွာကြည့်ရှုနိုင်ပါလိမ့်မယ်။ ဖုန်းရဲ့တည် ဆောက်ထားမှုပုံစံကို ကြည့်လိုက်မယ် ဆိုရင်တော့ ပါဝါခလုတ်၊ အသံအတိုး၊ အကျယ်ခလုတ်တွေဟာ ဖုန်းရဲ့ညာဘက်ထောင့်မှာ တပ်ဆင်ထားတာကို တွေ့ရမှာဖြစ်ပြီး ဆင်းကတ် ထည့်စရာ၊ SD card ထည့်သွင်းရမယ့်နေရာကိုတော့ ဖုန်းရဲ့ ဘယ်ဘက်မှာ နေရာပေးထားပါတယ်။

13MP စွမ်းရည်ရှိသော နောက်ကျောဘက်ကင်မရာနဲ့ flash မီးကို ညာနောက်ကျောဘက်ထောင့်ကျကျမှာ တပ်ဆင် ထားပြီး ကင်မရာကို ကိုယ်ထည်နဲ့တစ်ပြေးညီတပ်ဆင်ပေးထားတာကြောင့် ထိခိုက်မိမှာတွေကို ပူစရာလိုအပ်တော့မှာမဟုတ် ပါဘူး။ အရှေ့ဘက်မှာတော့ dual-speaker တပ်ဆင်ပေးထားပြီး သီချင်းသံတွေကိုပြတ်သားစွာ နားဆင်နိုင်ပါလိမ့်မယ်။ 5MP ကင်မရာငယ်ကိုတော့ စပီကာနဲ့ ကပ်လျက်မှာထည့်သွင်းပေးထား ပါတယ်။ အလေးချိန်ကလည်း ၄ အောင်စသာ လေးမှာဖြစ်ပြီး ပလတ်စတစ် ကိုယ်ထည်ကလည်း လက်ထဲမှာ အလိုက်သင့်ရှိနေစေမှာပါ။ အနည်းငယ် ချောမွေ့မှုကိုတော့ ခံစားရပါလိမ့်မယ်။ HTC ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်း ဖြစ်ပြီး Octa-core သုံးထားတယ်ဆိုပေမယ့် Android OS နောက်ဆုံးထွက်ကို သုံးစွဲနိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် အလယ်အလတ်ဆင့် စမတ်ဖုန်းနဲ့ high-end ဖုန်းတွေရဲ့ကွာခြားချက်အဖြစ် OS ကို သီးသန့် သတ်မှတ်ထားသလိုပါပဲ။ ဒါကြောင့် Android v4.4.4 (kitkat) ကိုသာ သုံးနိုင်ပါလိမ့်မယ်။ HTC ကိုယ်ပိုင်ဖုန်းတွေမှာ ထည့်သွင်းပေးထားတဲ့ sense ကိုတောင် 5.3 ပဲသုံးနိုင်မှာပါ။ Hardware ပိုင်း ထည့်သွင်းထားမှုကတော့ နောက်ဆုံးပေါ် high-end ဖုန်းတွေမှာသာ မြင်တွေ့ရလေ့ရှိတဲ့ Octa-core ပရိုဆက်ဆာကို တပ်ဆင်ပေးထားပါတယ်။ ဒါပေမယ့် မြန်ဆန်မှုအသား ပေးနဲ့ ရှေ့တန်းရောက်နေတဲ့ Snapdragon တော့မဟုတ်ပါဘူး။

ပြည်တွင်းကိုဝင်ရောက်လာနေတဲ့ အလယ်အလတ်ဆင့် ဖုန်းတွေမှာ သုံးလေ့ရှိတဲ့ Media tek MT6752 ဖြစ်ပါတယ်။ အမြန်နှုန်းကတော့ 1.7GHz ရှိမှာဖြစ်ပါတယ်။ အခြားသော ပရိုဆက်ဆာ ထုတ်လုပ်သူတွေနဲ့မတူညီပေမယ့် Mediatek ကလည်း မြန်ဆန်သွက်လက်တဲ့ဂိမ်းစွမ်းအားနဲ့ application တွေရဲ့ဖွင့်လှစ်သုံးစွဲတဲ့ အခါမှာ ခပ်သွက်သွက် run နိုင်စွမ်းကိုရရှိစေပါ လိမ့်မယ်။ ဂရပ်ဖစ်ရုပ်ထွက်ပိုင်းကို တာဝန်ယူပေးမယ့် GPU ကိုတော့ Mail-T760MP2 ကိုသုံးထားပါတယ်။ Desire 626G + မှာလုပ်ဆောင်ချက်ပိုင်း တစ်ခုတည်းတင်မဟုတ်ဘဲ ပြောင်းလဲမှုတချို့ပါဝင်လာ ပါတယ်။ အဓိက ပြောင်းလဲသွားမှုကတော့ ဘာသာစကားတွေပြောင်းလဲနိုင်မယ့် Language & keyboard ပဲဖြစ်ပါတယ်။ HTC One M9 မှာ ပြောင်းလဲလာခဲ့တဲ့ ကီးဘုတ် ပုံစံမျိုးကို Desire 626G + မှာသုံးနိုင်မှာဖြစ်ပါတယ်။ ကင်မရာရိုက်ကူးမှု အတွက်တော့ 13MP နောက်ကျောဘက်ကင်မရာဟာ ပုံရိပ်တွေကို မြန်ဆန် စွာဖမ်းယူနိုင်ပါလိမ့်မယ်။ ပုံရိပ်အရည်အသွေးကတော့ 4128x 3096 pixels နဲ့ရနိုင်မှာဖြစ်ပြီး ဗီဒီယိုရိုက်ကူးမယ်ဆိုရင်တော့ 1080p@30fps နဲ့ရိုက်နိုင် ပါလိမ့်မယ်။ 13MP ကင်မရာနဲ့ရိုက်ကူး ထားတဲ့ ပုံတွေကိုလည်း ပြန်လည် ပြင်ဆင်နိုင်ပါဦးမယ်။ ပုံတွေမှာအရောင်တွေသွင်းမှု၊ ဘောင်တွေ ထပ်ထည့် တာတွေအပြင် စိတ်ကြိုက်ပုံစံလေးတွေနဲ့ အလင်းအမှောင်ချိန်ညှိ နိုင်မှာပါ။ Motion track mode နဲ့ရိုက်ကူးမယ်ဆိုရင်တော့ ပုံတွေဟာပြင်ပ အရောင် အတိုင်း စိုပြည်စွာရရှိနိုင်မှာဖြစ်တဲ့အပြင် မိမိချိန်ထားတဲ့ object ရဲ့အရောင် ကိုပါ လိုက်ညှိပေးပါလိမ့်မယ်။ Live Photo ကတော့ရိုက်လိုက်တဲ့ပုံတွေမှာ အရုပ်နဲ့ အသံပေါင်းစပ်ထည့်သွင်းပေးမှာဖြစ်ပါတယ်။

သာမန်ရိုက်ကူးမှုအတွက်ကတော့ face beauty ကအသင့်တော်ဆုံးပါပဲ။ ကင်မရာ setting ထဲဝင်ကြည့်လိုက်မယ်ဆိုရင်တော့ GPS On, Exposure, Color Effect, Scene Mide, White Balance လို့ဆိုတဲ့ ဖုန်းရဲ့ကင်မရာကို သုံးပြီး ဓာတ်ပုံရိုက်ကူးသူတွေကြိုက်နှစ်သက်တဲ့လုပ်ဆောင်ချက် တွေကို တွေ့ရမှာပါ။ အရှေ့ဘက်ကတော့ selfie သမားတွေအကြိုက် 5MP ဖြစ်ပါ တယ်။ အချက်အလက်သိုလှောင်သိမ်းဆည်းချင်သူတွေအတွက်ကတော့ 8GB သာ ပါဝင်တာကြောင့် SD card ကိုသုံးစွဲပြီးတော့ထပ်မံတိုးမြှင့်ရပါလိမ့်မယ်။ 1GB RAM နဲ့အတူ storage ကိုထပ်တိုးမယ်ဆိုရင် 32GB အထိသာ လက်ခံနိုင် မှာပါ။ ဘက်ထရီဟာ Li-Po 2000mAh ကိုသုံးထားပြီး အင်တာနက်သုံးစွဲတာ၊ သီချင်းနားထောင်တာတွေမှာ အတော်လေးကြာရှည်ခံတာကို တွေ့ရပါတယ်။ အချက်အလက် လွှဲပြောင်းမှုအတွက်ကတော့ Bluetooth, Wi-Fi လို ဖုန်းမှာ ပါဝင်တဲ့ function တွေကို သုံးနိုင်မှာပါ။

<Specifications>

5.0" HD Display Capacitive Touchscreen (1280x720)
1.7GHz Octa Core
Storage 8GB (Up to 32GB)
RAM 1GB
13MP & 5MP Front Camera
Android 4.4.2 OS (KitKat)
Li-Po 2800mAh Battery
Dual SIM : CDMA 3G+ GSM 2G
Ks – 225,000/-

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com