3/07/2017

♪ " Moto Z " - Price - 890,000 Ks ♫

Image may contain: phone and screen

Motorola Moto Z ဟာ နောက်ဆုံးပေါ်ထိပ်တန်းဖုန်းတွေထဲက တစ်လုံးအပါအ၀င်ဖြစ်ပြီး ၂၀၁၆ စက်တင်ဘာလောက်က ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီဇိုင်းပုံစံဆန်းသစ်မှု၊ မျက်နှာပြင်စွမ်းအားပိုင်း၊ ဖုန်းစွမ်းဆောင်ရည်၊ ကင်မရာအရည်အသွေး၊ ဆန်းသစ်တဲ့ features တွေကို ထည့်သွင်းပေးထားပြီး hardware ပိုင်းမှာလည်း ပြောစရာမလိုအောင် ကောင်းမွန်ပါတယ်။ ၎င်းကို ကမ္ဘာ့အပါးလွှာဆုံးဖုန်းတစ်လုံးအဖြစ် သတ်မှတ်နိုင်ပါတယ်။ GSM, HSPA နဲ့ LTE networks တွေမှာ သုံးစွဲနိုင်ပြီး Nano SIM card ကိုထည့်သုံးနိုင်မယ့် Single SIM နဲ့ Dual SIM ဆိုတဲ့ version ၂ မျိုးကို ခွဲခြားထုတ်လုပ်ပေးထားပါတယ်။ ထည့်သွင်းသုံးစွဲထားတဲ့ SIM Card အမျိုးအစားကတော့ Nano SIM ပါ။ Non-removable Li-Ion 2600 mAh battery က လုံလောက်တဲ့ဘက်ထရီစွမ်းအားကို ပေးစွမ်းနိုင်ပြီး TurboPower Changing စနစ်လည်းပါရှိတဲ့အတွက် ၁၅ မိနစ် အားသွင်းထားရင် ၇ နာရီလောက် သုံးစွဲနိုင်ပါတယ်။ အသုံးပြုနိုင်တဲ့ bluetooth စနစ်တွေကတော့ v 4.1, A2DP, LE တွေ ဖြစ်ပါတယ်။ ထူးခြားချက်က အနောက်ဘက်မှာ Moto Mod ကိုတပ်ဆင်သုံးစွဲနိုင်တာပဲ ဖြစ်ပါတယ်။

* Design & Build *

ပါးလွှာတဲ့ ကိုယ်ထည်တစ်ခုလုံးကို Aircraft-grade aluminium chasis နဲ့ပြုလုပ်ထားပြီး အပေါ်ကနေ Corning Gorilla glass 4 နဲ့ ထပ်မံဖုံးအုပ်ပေးထားပါတယ်။ ထုတ်လုပ်ထားတဲ့ iPhone တွေ၊ Android ဖုန်းတွေအကုန်လုံးထက် ပါးလွှာပြီး ခိုင်ခံ့မှုလည်း ရှိပါတယ်။ အရှေ့ဘက်မျက်နှာပြင်အောက်ခြေမှာ fingerprint လေးကို လေးထောင့်ပုံစံအဖြစ်တွေ့မြင်နိုင်ပြီး ၎င်းအပေါ်မှာ moto ဆိုတဲ့ logo လေးကို တွေ့မြင်နိုင်ပါတယ်။ မျက်နှာပြင်ဘေးက bezel ဘောင်က ကျဉ်းတာကြောင့် ကိုင်တွယ်ထိန်းချုပ်ရတာ အဆင်ပြေပါတယ်။ နောက်ကျောဘက်ဒီဇိုင်းလေးက ဘယ်ဖုန်းနဲ့မှမတူဘဲ ဆန်းသစ်မှုရှိပါတယ်။ ကင်မရာက နောက်ကျောဘက် အပေါ်အလယ်တည့်တည့်မှာရှိပြီး ၎င်းရဲ့အောက်မှာ LED flash မီးလေးရှိပါတယ်။ ဖုန်းအရွယ်အစားက 153.3 × 75.3 × 5.2 mm ရှိပြီး 136g သာလေးတာကြောင့် ပါးလွှာပေါ့ပါးမှုကတော့ အံ့မခန်းပါပဲ။ ဖုန်းရဲ့ညာဘက်ဘေးဘောင်မှာ အသံအတိုးအကျယ်ခလုတ်၊ ပါဝါခလုတ်တို့ကို ထည့်သွင်းထားပါတယ်။ လက်ထဲမှာ ကျစ်ကျစ်လျစ်လျစ်နဲ့ ကိုင်တွယ်ရတာ အလွန်အဆင်ပြေပြီး ၎င်းရဲ့ဒီဇိုင်းပုံစံတည်ဆောက်ပုံနဲ့ လိုက်ဖက်ညီတဲ့ အမဲရောင်နဲ့ မီးခိုးရောင်၊ အမဲရောင်နဲ့ ရွှေရောင်၊ အမဲရောင်နဲ့ ရွှေအိုရောင်အပြင် အဖြူရောင်ချည်းပဲလည်း ရရှိနိုင်ပါတယ်။

* Display *

၅ လက်မခွဲအကျယ်ရှိတဲ့ မျက်နှာပြင်ကို AMOLED Capacitive touch-screen display အမျိုးအစားနဲ့ ပြုလုပ်ထားပြီး 1440×2560 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပြသပေးနိုင်ပါတယ်။ ၁ လက်မအတိုင်းအတာမှာ ရရှိနိုင်မယ့် သိပ်သည်းဆပမာဏက ~535 ppi pixels တောင်ဖြစ်တဲ့အတွက် ရုပ်ရှင်တွေ၊ ဗီဒီယိုတွေကြည့်ရတာ အသက်ဝင်လှပါတယ်။ မျက်နှာပြင်ပေါ်မှာလည်း multitouch စနစ်ကို သုံးစွဲနိုင်ပါသေးတယ်။

* Operating System and Camera *

အထဲမှာ Android OS,v7.0 (Nougat) ကို run ထားပြီး အကောင်းဆုံး UI ကိုအသုံးပြုထားပါတယ်။ အနောက်ကင်မရာက 13 MP နဲ့ f/1.8 aperture စွမ်းအားတွေကိုပေးစွမ်းနိုင်ပြီး ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံတွေနဲ့ 30fps မှာ 2160p အရည်အသွေးရှိ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ အရှေ့ကင်မရာကတော့ 5MP resolution နဲ့ f/2.2 aperture စွမ်းအားရှိပြီး full HD ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။

* Performance *

ဖုန်းလုပ်ဆောင်နိုင်စွမ်းတွေအတွက် အထိရောက်ဆုံးပံ့ပိုးပေးနိုင်တဲ့ processor စွမ်းအားပိုင်းကို Qualcomm MSM8996 Snapdragon 820 chipset နဲ့ RAM 4GB ပါရှိတဲ့ Quad-core (2×1.8GHz Kryo & 2×1.6GHz Kryo) processor က တိကျမြန်ဆန်တဲ့ လုပ်ဆောင်ချက်တွေကို ပေးစွမ်းနိုင်တယ်။ ဒါ့အပြင် ထောက်ပံ့ပေးထားတဲ့ Adreno 530 graphics card ကလည်း နောက်ဆုံးပေါ်အဆင့်မြင့်ဂိမ်းကြီးတွေနဲ့ apps တွေကို ဖုန်းထဲမှာ ချောချောမောမောကစားနိုင်ဖို့ ကူညီပေးနိုင်ပြီး multitasking တွေကိုလည်း အကောင်းဆုံးလုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် လိုင်းဆွဲအားကောင်းပြီး အင်တာနက်သုံးရတာ အလွန်မြန်ဆန်မှုရှိပါတယ်။ Data တွေသိမ်းဆည်းဖို့အတွက်ကတော့ 32GB နဲ့ 64GB ဆိုပြီး version ၂ မျိုးကို ခွဲခြားထုတ်လုပ်ပေးထားပါတယ်။ ၎င်း version ၂ မျိုးလုံးမှာ micro SD card ကို 256GB အထိ ထပ်မံစိုက်သုံးနိုင်ပါတယ်။



Specification
Display : 5.5 inch, AMOLED Capacitive touchscreen, 16M colors
Memory : 32/64 GB, 4 GB RAM, microSD, up to 256 GB
Camera : 13 MP, laser autofocus, OIS, dual-LED(dual tone) flash
OS : Android OS, v6.0.1 (Marshmallow)

Phone - 01-381035 (KMD)

Price - 890,000 Ks

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com