3/11/2017

♪ " Lenovo Vibe K5 Note " - Price » 319,000 Ks ♫

Image may contain: phone and screen

Lenovo Vibe K5 Note ဟာ အရည်အသွေးမြင့်မားတဲ့ အဆင့်မြင့်စမတ် ဖုန်းတစ်လုံးဖြစ်ပြီး သန့်ရှင်းတောက်ပြောင်တဲ့ ကိုယ်ထည်ထဲမှာ အလွန် အသုံးဝင်တဲ့ features အသစ်တွေကို ထည့်သွင်းထားပါတယ်။ ဒီဇိုင်းပုံစံက ဆွဲဆောင်မှုရှိပြီး ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ ပြုလုပ်ပေးထားတာကြောင့် ခိုင်ခိုင်ခံ့ခံ့နဲ့ အကြမ်းခံနိုင်ပါတယ်။ ၄င်းဖုန်းဟာ စက်စွမ်းရည်ပိုင်းနဲ့ ဘက်ထရီစွမ်းအားပိုင်းကို ဦးစားပေးအဆင့်မြှင့်ပေးထားတာကို တွေ့ရပါတယ်။ အရှေ့ဘက် မျက်နှာပြင်အောက်မှာ capacitive buttons ၃ ခုပါရှိပြီး အပေါ်ဘက်မှာ အရှေ့ကင်မရာနဲ့ flash မီးလုံးတို့ကို ထည့်သွင်းထားပါတယ်။ နောက်ကျောဘက်မှာ အနောက်ကင်မရာ၊ Flash မီးလုံးနဲ့ fingerprint sensor တို့ကို တပ်ဆင်ထားပြီး Lenovo logo အောက်ခြေမှာ စပီကာပေါက်တွေကို စီတန်းစွာ တွေ့ရပါတယ်။

ဖုန်းအရွယ်အစားက 152 x 75.7 x 8.5 mm ရှိပြီး 165g အလေးချိန်
လေးပါတယ်။ သတ္တုနဲ့ ပြုလုပ်ထားပေမယ့် အလေးချိန်က အရမ်းကြီးတော့ မလေးပါဘူး။ GSM, HSPA နဲ့ LTE networks တွေကို ထောက်ပံ့ပေးထားပြီး Nano SIM card ၂ ကတ်ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်တဲ့ Dual SIM Tray ပါရှိတာကြောင့် contacts တွေကို မှတ်တဲ့အခါ personal contacts တွေနဲ့ professional contacts တွေကို ခွဲခြားမှတ်သားထားနိုင်ပါတယ်။ မျက်နှာပြင် အကျယ် ၅ လက်မခွဲရှိတဲ့ LTPS IPS LCD Capacitive touchscreen display ကို သုံးထားပြီး full HD မြင်ကွင်းတွေကို ပြသပေးနိုင်ပြီး ၁ လက်မမှာ ~401ppi pixels သိပ်သည်းဆပမာဏကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာပြင် ပေါ်မှာ multitouch စနစ်ကို သုံးစွဲနိုင်ပါတယ်။


၎င်းအထဲမှာ Android OS, v5.1 (Lollipop) ကို အခြေခံထားပြီး သုံးစွဲလို့ အလွန်ကောင်းမွန်တဲ့ user interface နဲ့ ပြုလုပ်ထားပါတယ်။ နောက်ကျော ဘက်မှာ ထောက်ပံ့ပေးထားတဲ့ Fingerprint sensor က ဖုန်းကို unlock လုပ်တဲ့ အခါမှာရော lock လုပ်တဲ့အခါမှာပါ အသုံးပြုနိုင်ပြီး ဖုန်းထဲက Data တွေကို လုံခြုံစိတ်ချစွာ ကာကွယ်ထားနိုင်ပါတယ်။ အနောက်ကင်မရာက 13MP resolution, 1/3.1-inch Sensor နဲ့ f/2.2 aperture တို့ပါရှိပြီး dual LED Flash စနစ်နဲ့ ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံတွေနဲ့ 30fps မှာ 1080p အရည်အသွေးရှိ full HD ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။


လှပဆန်းသစ်တဲ့ selfie ဓာတ်ပုံတွေရိုက်ဖို့အတွက် အရှေ့ကင်မရာမှာ 8MP resolution ပါရှိပြီး လူအုပ်စုအများကြီးနဲ့လည်း ရိုက်ကူးနိုင်ပါတယ်။ Data တွေ သိမ်းဆည်းဖို့အတွက် internal memory 32GB ပါရှိတဲ့အပြင် micro SDcard ကို 128GB အထိ ထပ်စိုက်သုံးနိုင်တာကြောင့် သီချင်းတွေ၊ ရုပ်ရှင်ဗီဒီယိုတွေနဲ့ တခြား personal data တွေကိုလည်း အများကြီး ထည့်သိမ်းထားနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းလုပ်ဆောင်ချက်တွေအတွက်လည်း RAM 3GB ပါရှိတဲ့ Mediatek MT6755 Helio P10 Octa-core processor ကို အသုံးပြုထားပြီး Mali-T860MP2 graphics card က ဂိမ်းကြီးတွေနဲ့ apps တွေကို run ပေးဖို့အတွက် လည်း အထောက်အပံ့ပေးထားပါတယ်။ ဒါကြောင့် နောက်ဆုံးပေါ်ဂိမ်းတွေနဲ့ apps တွေအကုန်လုံးကို run နိုင်ပါတယ်။


အသံအရည်အသွေးပိုင်းကိုလည်း 3 mic system ပါရှိတဲ့ နောက်ဆုံးပေါ် Wolfson audio နည်းပညာနဲ့ ဖန်တီးထားတဲ့အတွက် ကြိုက်နှစ်သက်ရာသီချင်း တွေကို အသံစွမ်းရည်ကောင်းကောင်းနဲ့ နားထောင်နိုင်ပြီး ဗီဒီယို calls တွေ ပြောတဲ့အခါမှာလည်း အသံတွေကို ကြည်လင်ပြတ်သားစွာ ကြားနိုင်ပါတယ်။ Lenovo Vibe K5 Note ဟာ ဒီဇိုင်းပုံစံ လှလှပပ၊ စက်စွမ်းရည်ကောင်းကောင်း၊ ဘက်ထရီစွမ်းအား မြင့်မားတဲ့ ဖုန်းတစ်လုံးအနေနဲ့ ဈေးကွက်ထဲ ရပ်တည်လျက်ရှိပြီး ထည့်သွင်းထားတဲ့ features တွေနဲ့ specs တွေကလည်း တန်းဝင်အဆင့်ရှိတာတွေချည်းပဲ ဖြစ်တာကြောင့် သုံးစွဲလို့ကောင်းတဲ့ဖုန်း တစ်လုံးပဲ ဖြစ်ပါတယ်။ အရောင်တွေအနေနဲ့လည်း လှပခန့်ညားတဲ့ ရွှေရောင်နဲ့ မျက်စိအေးပြီး အဆင့်မြင့် ဖုန်းတစ်လုံးအသွင်ကို ပေါ်လွင်စေတဲ့ ငွေရောင်တို့ပဲ ဖြစ်ပါတယ်။

** Battery Life **

Vibe K5 Note ရဲ့ ဘက်ထရီ စွမ်းအားပိုင်းကို Non-removable Li-Po 3500mAh battery က အားဖြည့်ပေးထားလို့ နာရီပေါင်း ၂၇ နာရီကျော်ကြာ ဖုန်းဆက်တိုက် ပြောဆို နိုင်ပါတယ်။ Standby mode နဲ့ သုံးမယ်ဆိုရင်လည်း နာရီ ပေါင်း ၅၄၃ နာရီကျော် ထားသုံးနိုင်ပါတယ်။

** Design **

ဖုန်းဒီဇိုင်းပုံစံက သင့်မျက်စိကိုဆွဲဆောင်ထားနိုင်ပြီး တည်ဆောက် ပုံကလည်း ဆန်းသစ်မှုရှိပါတယ်။ ကိုယ်ထည်တစ်ခုလုံးက သတ္တုရောင် တောက်ပြောင်နေပြီး အလေးချိန်ကလည်း ကိုင်တွယ်သုံးစွဲလို့ အနေတော်ပါပဲ။ အနောက်ဘက်မှာပါရှိတဲ့ စပီကာအနေအထားလေးတွေကလည်း သူ့နေရာနဲ့သူ သေသပ်လှပါတယ်။

** Processor **

Lenovo Vibe K5 Note မှာ RAM 3GB ပါရှိတဲ့ Mediatek MT6755 Helio P10 Octa-core processor နဲ့ Mali-T860MP2 GPU တို့က ဖုန်းစွမ်းဆောင်ရည်တွေကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ဂိမ်းကစား တာတွေနဲ့ apps အသုံးပြုနေတဲ့အချိန်တွေမှာလည်း စက်ဟမ်းသွား ခြင်းတွေ မဖြစ်စေနိုင်ပါဘူး။

** Display and Camera **

မျက်နှာပြင် ၅ လက်မခွဲအကျယ်ရှိပြီး LTPS IPS capacitive touchscreen display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ရရှိနိုင်ပါတယ်။ 13MP ရှိတဲ့ အနောက်ကင်မရာနဲ့ 8MP ရှိတဲ့ အရှေ့ကင်မရာကလည်း ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ယူနိုင်ပါတယ်။

** Verdict **

Lenovo K5 Note ကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလလောက်ကတည်းက ထုတ်လုပ်ထားပေမယ့် အခုအချိန်ထိ တန်းဝင်အဆင့်ရှိတဲ့ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Lenovo ဖုန်းထဲကမှ သုံးစွဲလို့ကောင်းတဲ့ အဆင့်မြင့်စမတ်ဖုန်းကို ရှာနေရင်တော့ ဒီဖုန်းလေးက အသင့်တော်ဆုံးပါပဲ။



Price » 319,000 Ks
Contact Phone » 01-381035 ( KMD )

** Specification **

» Network : 2G, 3G, 4G (Dual-SIM)
» Weight : 165 g
» Display : 5.5", LTPS IPS LCD capacitive touchscreen
» Dimensions : 152 x 75.7 x 8.5 mm
» Memory : 32GB, 3GB RAM, microSD, up to 256GB
» Camera : 13MP, phase detection autofocus, dual-LED (dual-tone) flash, Geo-tagging,
touch focus, face detection, HDR, panorama
» Connectivity : GPS, WLAN, Bluetooth 4.1, microUSB v2.0
» OS : Android OS, v5.1 (Lollipop)
» Chipset : Mediatek MT6755 Helio P10
GPU : Mali-T860 MP2
» Features : Fingerprint, accelerometer, gyro, compass

 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com