3/08/2017

♪ “Huawei GR5 (2017)” - Price 309,000 Ks ♫

Image may contain: phone

လူကြိုက်များသော Huawei ဟန်းဆက်များထဲတွင် GR 5 လည်း ပါဝင်ပါ တယ်။ Huawei GR 5 (2017) ကိုလည်း ထပ်မံမိတ်ဆက်ရောင်းချလာပါတယ်။ GR5 (2017) မှာ မျက်လုံးညောင်းညာခြင်းကို သက်သာစေဖို့ အပြာရောင် အလင်းတွေကို စစ်ထုတ်လို့ရပါတယ်။ 2G, 3G, 4G Network များကို အသုံးပြုနိုင်ပြီး ဖုန်းရဲ့ အရွယ်အစားပမာဏကတော့ 150.9 × 76.2 × 8.2 mm ဖြစ်ကာ အလေးချိန်မှာ 162 g ရှိပါတယ်။ GR 5 (2017) တွင်လည်း လက်ဗွေစနစ်ကို အသုံးပြုနိုင်ပါမယ်။

Huawei စမတ်ဖုန်းများတွင် ပါရှိသော လက်ဗွေနည်းပညာဟာ မြင့်မားတိုးတက်လာပြီး လက်ဗွေရာဖတ်စနစ် 3.0 ဟာ 360° အာရုံခံနိုင်စွမ်းရှိပါတယ်။ ဖုန်းအသုံးပြုသောသူများအနေဖြင့် စိုစွတ်သော လက်ချောင်းနဲ့ပဲဖြစ်ဖြစ်၊ ခြောက်သွေ့သောလက်ချောင်း နဲ့ပဲဖြစ်ဖြစ် မျက်နှာပြင်ကို 0.3 စက္ကန့်အတွင်းမှာ Unlock ပြုလုပ်နိုင်ပါမယ်။ ဖုန်းမျက်နှာပြင်အတွက် IPS LCD Capacitive Touch Screen ကို အသုံးပြု ပေးထားပါတယ်။ ဖုန်းမျက်နှာပြင်အကျယ်အ၀န်းကတော့ 5.5 inches ရှိပါ တယ်။ ဖုန်းမျက်နှာပြင် အကြမ်းခံနိုင်စေဖို့အတွက်လည်း လုပ်ဆောင် ပေးထားပြီး ကြည်လင်ကောင်းမွန်သော ပုံရိပ်ကို ဖော်ဆောင်နိုင်ဖို့အတွက် 1080 × 1920 Pixels ပမာဏနဲ့ ထောက်ပံ့ပေးထားပါတယ်။ တစ်လက်မမှာ ရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 401 ppi ပါ။ Mulititouch စနစ် တွင် လက်ချောင်းများစွာ အသုံးပြုနိုင်ပါမယ်။

GR 5 (2017) ရဲ့ ထူးခြားသော စွမ်းရည်တစ်မျိုးကတော့ ကင်မရာပိုင်း စနစ်ဖြစ်ပါတယ်။ ဖုန်းတွင် Dual Camera တပ်ဆင်ပေးထားပါတယ်။ စွမ်းရည် ကတော့ 12 MP + 2 MP ဖြစ်ပါတယ်။ မိမိရိုက်လိုသော အရာဝတ္ထုကိုသာ ထင်းစေပြီး နောက်ခံကိုမှုန်ဝါးသွားစေသော လုပ်ဆောင်ချက်ရှိပါတယ်။ ရှေ့ကင်မရာငယ် ကတော့ 8 MP စွမ်းရည်ရှိပါတယ်။ ဓာတ်ပုံရိုက်တာနဲ့ တစ်ပြိုင်တည်း အလှပုံချိန်ညှိချက်တွေကို ပြုလုပ်ပေးတဲ့ 10 - Levels Beauty စနစ်၊ Auto Make up စနစ်များ ပါရှိပါတယ်။ Panorama ပုံစံရိုက်ကူးမှုများကို လည်း လုပ်ဆောင်နိုင် ပါတယ်။ ကောင်းမွန်သော ဗီဒီယိုရိုက်ကူးမှုများကို လည်း ထောက်ပံ့ပေးထားသော ဖုန်းဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် Android Version ကတော့ Marshmallow ဖြစ်ပါတယ်။ အသုံးပြုပေးထားသော Chipset အမျိုးအစားကတော့ HiSilicon, Kirin 655 ပါ။


မှတ်ဥာဏ်ပမာဏ အပိုင်းတွင် RAM ကို 3 GB ထည့်သွင်းပေးထားပြီး ဖုန်းတွင်းမှတ်ဥာဏ်ပမာဏအဖြစ် 32 GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ အချက်အလက်အများအပြား သိမ်းဆည်းလိုပါကလည်း မှတ်ဥာဏ်ပမာဏကို ချဲ့ထွင် သုံးစွဲနိုင်ပါ မယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Ion 3340 mAh ဖြစ်ပါတယ်။ အသင့် အနေအထားအတွက် နာရီ ၆၅၀ နီးပါးနှင့် စကားပြောဆို ဖို့ ၂၃ နာရီနီးပါး ခံနိုင်စွမ်းရှိပါမယ်။ ဘက်ထရီနှင့် ဆက်စပ်ပတ်သက်သော စနစ်များကိုလည်း သုံးနိုင်ပါမယ်။


<Specification>

Network - GSM/HSPA/LTE
Processor - Octa Core
Screen - 5.5 inches
Camera - 12 MP + 2 MP
Bluetooth - v 4.1
Storage - 32 GB
OS - Android OS, v6.0
Contact - 01-381035

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com