9/15/2016

♪ Xiaomi ဖုန်းတစ်ချို့မှာ ဘက်ထရီပေါက်ကွဲမှုပြဿနာတွေ ဖြစ်ပေါ်လျက်ရှိ ♫


တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi လည်း ပြိုင်ဘက်တောင်ကိုရီးယားကုမ္ပဏီ Samsung အတိုင်း ဖုန်းဘက်ထရီပေါက်ကွဲမှုပြဿနာတွေ တွေ့ကြုံနေရတယ်လို့ သိရပါတယ်။

Xiaomi ကုမ္ပဏီအနေနဲ့ မကြာသေးမီက တရုတ်နိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ Xiaomi စမတ်ဖုန်းပေါက်ကွဲမှုတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

Note 7 ထက် ဘက်ထရီပိုကြီးတဲ့ 4850mAh ဘက်ထရီသုံး Xiaomi Mi Max ဖုန်းတစ်လုံးဟာ ပြီးခဲ့တဲ့စက်တင်ဘာလ ၅ ရက်နေ့မှာ Mi ချာဂျာနဲ့ပဲ အားသွင်းနေရင်း ပေါက်ကွဲမှုဖြစ်ပေါ်ကာ မီးစွဲလောင်ခဲ့ကြောင်း တိုင်ပေအခြေစိုက် Central News Agency (CNA) က ဖော်ပြခဲ့ပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ ဒုတိယဖြစ်ရပ်တစ်ခုမှာတော့ တရုတ်နိုင်ငံသားတစ်ဦးဟာ ၎င်းရဲ့ Xiaomi Mi 4C ဖုန်းကို ဘောင်းဘီနောက်အိတ်ထဲမှာ ထည့်ထားတုန်း ဖုန်းကနေ မီးထစွဲလောင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် တင်ပါးနှစ်ခြမ်းလုံး မီးလောင်ဒဏ်ရာတွေရရှိခဲ့တဲ့ ဖုန်းပိုင်ရှင်က အဆိုပါ Mi 4C ဖုန်းကို Xiaomi တရားဝင်ဝက်ဘ်ဆိုဒ်ကနေ ဝယ်ယူထားတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Xiaomi ရဲ့ အဆိုအရတော့ ယခုမီးလောင်ကျွမ်းမှုဖြစ်ရပ်တွေဟာ မတော်တဆဖြစ်ရပ်သက်သက်သာဖြစ်ပြီး၊ နစ်နာသူတွေကို လျော်ကြေးပေးပြီးပြီလို့ သိရပါတယ်။

ဒါပေမယ့် ယခုဖြစ်ရပ်နှစ်ခုလုံးအပေါ် သေချာစုံစမ်းလေ့လာသွားမှာဖြစ်ပြီး၊ ၎င်းတို့ရဲ့စမတ်ဖုန်းအသစ်တွေမှာ ဘက်ထရီပြဿနာမရှိကြောင်း အဖြေပေါ်တဲ့အထိ ကြပ်မတ်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ ပါတယ်။


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com