9/15/2016

♪ Nexus 6P နဲ့ 5X ဖုန်းတွေကို ဟက်ခ်နိုင်သူကို Google ကနေ ဒေါ်လာနှစ်သိန်း ချီးမြှင့်သွားမည် ♫


Google ရဲ့ နာမည်ကျော်လုံခြုံရေးအဖွဲ့ Project Zero ကနေ “Project Zero Prize” လို့ အမည်ပေးထားတဲ့ ပြိုင်ပွဲအစီအစဉ်သစ်တစ်ခုကို စတင်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါအစီအစဉ်မှာ Nexus 6P ဖုန်းနဲ့ 5X ဖုန်းတွေကို ရအောင်ဟက်ခ်နိုင်သူတွေကို ဆုကြေးငွေ ဒေါ်လာနှစ်သိန်းအထိ ချီးမြှင့်သွားမှာဖြစ်ပြီး၊ ယခုတစ်ပတ်အင်္ဂါနေ့ကစတင်ကာ ၂၀၁၇ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့အထိ အချိန်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် လွယ်လွယ်နဲ့တော့ ဆုရနိုင်မှာမဟုတ်ဘဲ၊ ပြိုင်ပွဲဝင်သူအနေနဲ့ ကိုယ်ဟက်ခ်မယ့် Nexus ဖုန်းရဲ့ ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာကိုပဲ သိရမှာဖြစ်ကာ၊ Android စနစ်ရဲ့ bug chain (သို့) အားနည်းချက် (vulnerability) ကို အသုံးချကာ ဖုန်းတစ်လုံးလုံးကိုထိန်းချုပ်နိုင်ခွင့် Remote Code Execution ရအောင် လုပ်ရမှာဖြစ်ပါတယ်။

ပထမဆုအနေနဲ့ ဒေါ်လာ နှစ်သိန်းသတ်မှတ်ထားပြီး၊ ဒုတိယဆုကတော့ ဒေါ်လာတစ်သိန်းဖြစ်ကာ၊ ကျန်ငွေ ဒေါ်လာငါးသောင်းကိုတော့ တခြားပြိုင်ပွဲဝင်တွေကြား ခွဲဝေပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲဝင်သူတွေအနေနဲ့ သူတို့ရဲ့ တွေ့ရှိချက်တွေကို ယခုအစီရင်ခံစာဖောင်ကနေ Google Project Zero အဖွဲ့ဆီ ပို့ပေးရမှာဖြစ်ပြီး၊ ဆုရရှိသူကို ရွေးချယ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Error ရှာတွေ့ခဲ့တဲ့ ဆုပိုင်ရှင်အနေနဲ့ Project Zero ဘလော့ဂ်မှာလည်း တွေ့ရှိချက်အကြောင်း စာမူတစ်ခုတင်ခွင့်ရမှာဖြစ်ပါတယ်။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com