9/09/2016

♪ “Visa ကတ်သုံးသူများ ထိုင်းလေကြောင်းလိုင်းတွင် အထူးဈေးနှုန်းဖြင့်ရရှိနိုင်” ♫


ပြည်တွင်းရှိ Visa ကတ်အသုံးပြုသူများအနေဖြင့် Thai Airways နှင့် တွဲဖက် လေကြောင်းလိုင်းဖြစ်သည့် Thai Smile တို့မှ အထူးဈေးနှုန်းဖြင့် ရောင်းချ မည့်လေယာဉ်လက်မှတ်များကို ၀ယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

Visa ကြိုတင်ငွေပေးချေကတ် အသုံးပြုသူများသည် ရန်ကုန်-ဘန်ကောက် ခရီးစဉ်များအတွက် လေယာဉ် လက်မှတ်များကို အထူးသက်သာသည့် ဈေးနှုန်းဖြင့် ၀ယ်ယူနိုင်မည့်အပြင် လေယာဉ်လက်မှတ်ဝယ် ယူမှုတိုင်းအတွက် ခရီးဆောင်အိတ်တစ်အိတ်လက်ဆောင်ပေးသွားမည်ဖြစ်သည်။ Thai Smile Airways ၏ ထိုင်းပြည်တွင်း ခရီးစဉ်အတွက် အသွားအပြန် လေယာဉ် လက်မှတ် တစ်စောင်အခမဲ့ရရှိနိုင်မည့် အခွင့်အရေးကိုလည်း ထည့်သွင်းထား ကြောင်း Visa မှ သတင်းထုတ်ပြန်ပါသည်။

Visa, Thai Airways နှင့် ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့တို့ ပူးပေါင်း ကာ "Love Travel Days" ပွဲတော် အဖြစ် စက်တင်ဘာလ ၁ ရက်မှ ၄ ရက် အထိ Myanmar Plaza တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပွဲတွင်ပါဝင်သည့် ဧရာဝတီဘဏ်၊ သမ၀ါယမဘဏ်၊ ကမ္ဘောဇဘဏ်နှင့် မြန်မာ့ရှေ့ဆောင် ဘဏ်များတွင် Visa ကြိုတင်ငွေ ပေးချေကတ်ကိုလျှောက်ထားကာ အဆိုပါ အခွင့်အရေးများကို ချက်ချင်းရယူနိုင်မည်ဖြစ်သည်။

ထိုင်းခရီးသွား လုပ်ငန်း အာဏာပိုင်အဖွဲ့မှ တရားဝင်ခန့်အပ်ထားသည့် ခရီးသွားကိုယ်စားလှယ်များ၏ အလုံးစုံဝန်ဆောင်မှုများ ပါဝင်သည့် ခရီးသွားအစီအစဉ်များကိုလည်း အဆိုပါ ပွဲတွင် ၀ယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com