9/09/2016

♪ “Samsung Galaxy A8” ♫


A8သည် ပြီးခဲ့သောနှစ် ၈ လပိုင်းကထုတ်လုပ်ပေးထားခြင်းဖြစ်ပြီးA7 ထက် အရွယ်အစားပမာဏ အနည်းငယ်ပိုကြီးပါတယ်။ 2G, 3G, 4G Network အထောက်အပံ့ကိုပေးစွမ်းမယ့်ဖုန်းပါ။ ဖုန်းရဲ့ အရွယ်အစားပမာဏကတော့ 158 x 76.8 x 5.9mm ဖြစ်ကာအလေးချိန်မှာ151g ရှိပါတယ်။ Nano Sim ထည့်သွင်းအသုံးပြုရပါမယ်။

Super AMOLED capacitive touchscreen ရဲ့ အကျယ်အ၀န်းပမာဏကတော့ 5.7inches ဖြစ်ပါ တယ်။ မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေးထားသောpixels ပမာဏမှာ1080 x 1920 ဖြစ်ပါ တယ်။ ၁ လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 386ppi ပါ။ A8သည် A7 ထက် ppi သိပ်သည်းဆ ပိုများပါတယ်။ ကင်မရာစွမ်းရည်ပိုင်းတွင် လည်း A8 က A7 ထက်ပိုပြီးအရည်အသွေးကောင်းမွန်သော ဓာတ်ပုံများကို ပေးစွမ်း နိုင်ပါလိမ့်မယ်။

A8 ရဲ့ အဓိကကင်မရာဟာ16MP စွမ်းရည်ရှိပြီး ပုံရိပ်များကို5312 x 2988 pixels ပမာဏနဲ့ ဖော်ပြပေး ပါမယ်။ ရှေ့ကင်မရာ ငယ်စွမ်းရည်ကတော့ 5MP ဖြစ်ပြီးဗွီဒီယိုရိုက်ကူးနိုင်မယ့် စွမ်းရည်ကတော့ 1080P ဖြစ်ကာနှုန်းသည် တစ်စက္ကန့်ကို30 Frames ပါ။ မှတ်ဥာဏ်ပမာဏ အပိုင်းတွင် RAM ကို2GB ထည့်သွင်းပေးထားပြီးဖုန်းတွင်းမှတ်ဥာဏ် ပမာဏ အနေဖြင့် 32GB ပါရှိပါတယ်။ အချက်အလက် အများအပြားသိမ်းဆည်းနိုင် စေဖို့အတွက်လည်း Cardslot စနစ်ကိုထည့်သွင်းပေးထားပါသေးတယ်။ အများဆုံးချဲ့ထွင်နိုင်မယ့် မှတ်ဥာဏ်ပမာဏကတော့ 128GB အထိပါ။

ဖုန်းတွင်းစွမ်းရည်အဖြစ် CPU တွင် Quad-core 1.8GHz Cortex- A53 & quad-core 1.3GHz Cortex-A53 ထည့်သွင်းပေးထားပြီးGPU မှာAdreno 405 အမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းကိုအသုံးပြုတဲ့အခါတွင် လျင်မြန် သောတုံ့ပြန်မှုများကိုပေးစွမ်းပါလိမ့်မယ်။

အားသွင်းအသုံးပြုရမယ့် Battery အမျိုးအစားကတော့ Li-Ion 3050 mAhဖြစ်ပါတယ်။ ထိုဘက်ထရီဟာ3G Network တွင် စကားပြောဆိုဖို့ ၁၇ နာရီနီးပါးနှင့် သီချင်းနားထောင်ဖို့ ၅၁ နာရီနီးပါးခံနိုင်ရည်ရှိအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

<Specification>
Network - GSM/ HSPA/LTE
Memory - 32 GB
CPU - Octa Core
Camera - 16MP
Screen - 5.7 inches
OS - Android OS, v5.1.1
Contact - 01-371923
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com