9/10/2016

♪ Storage ပမာဏကိုမြင့်တင်လိုက်ပြီး iPad တွေရဲ့ ဈေးနှုန်းကို လျှော့ချလိုက်တဲ့ Apple ♫


Tim Cook ဟာ မနေ့ကပြုလုပ်တဲ့ iPhone 7 နဲ့ Smart Watch 2 တို့ မိတ်ဆက်တဲ့ ပွဲမှာ iPad အတွက် တစ်စုံတစ်ရာ ပြုလုပ်ခြင်းမရှိတော့ဘူးလို့ ထင်ခဲ့ကြပေမယ့် iPhone လိုင်းလိုပဲ iPad ကိုအဆင့်မြှင့်တင်မှုအနည်းငယ် ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ iPad တွေရဲ့ Storage တွေကို မြှင့်တင်မှု ပြုလုပ်ပြီး ဈေးနှုန်းတွေကိုလည်း အသီးသီးလျှော့ချလိုက်တာပဲ ဖြစ်ပါတယ်။

Apple ဟာ အရင်ထုတ်လုပ်ခဲ့တဲ့ 16GB မော်ဒယ်ကိုပဲ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ 32GB အထိ Storage ပမာဏကို အနည်းဆုံးမြှင့်တင်လိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီအပြင် iPad Pros တွေကိုလည်း ယခုအခါမှာ Storage ပမာဏ 256GB အထိ မြှင့်တင်ခဲ့ပြီး ယခင်ကထက်တော့ ဈေးနှုန်းပိုမိုလာမယ့် ဟန်ရှိပါတယ်။

နည်းနည်းပိုပြီး ရှုပ်ထွေးသွားစေနိုင်တာ တစ်ခုကတော့ ဈေးနှုန်းအတက်အကျဟာ မော်ဒယ်ပေါ် မူတည်နိုင်တဲ့ သဘောပဲ ဖြစ်ပါတယ်။ iPad mini 2 ဟာ WiFi သို့မဟုတ် Cellular Mode ပေါ်မူတည်ပြီး ယခုအခါမှာ 32GB Storage ကို ဒေါ်လာ ၂၆၉ကနေ ဒေါ်လာ ၃၉၉ ထိရှိနိုင်တာ ဖြစ်ပါတယ်။ WiFi-only model နဲ့ iPad Air 2 နဲ့ iPad mini 4 တို့ဟာ 32GB Storage အတွက် ဈေးနှုန်း ဒေါ်လာ ၃၉၉ကနေ 128GB Storage အတွက် ဒေါ်လာ ၄၉၉အကြား ရှိနိုင်တာပါ။ ဒါပေမယ့် ဒါတွေဟာသင့်ရဲ့ Storage ပမာဏရွေးချယ်ပုံပေါ်မှာပဲ မူတည်ပြီး ကွဲပြားသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် iPad Pro တွေကတော့ Storage Option တိုင်းမှာ ဈေးနှုန်းကျသွားတယ်လို့ ဆိုနိုင်ပါတယ်။ ယခုအခါမှာတော့ အမြင့်ဆုံး ဗားရှင်းဖြစ်တဲ့ ၁၂.၉လက်မ မျက်နှာပြင်နဲ့ 256GB WiFi ဗားရှင်းကို ယခင်ဈေးနှုန်း ဒေါ်လာ ၁၀၉၉ကနေ ဒေါ်လာ ၉၉၉နဲ့ လျှော့ပြီး ရောင်းချတာဖြစ်ပါတယ်။ iPad တွေရဲ့ ဈေးနှုန်းပြောင်းလဲသွားပုံကို အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။

iPads-Price-Off1
 
iPad များ ၏အသစ်ထွက်လာသော လက်ရှိဈေးနှုန်းများ
 
iPads-Price-Off2
 
iPad များ ၏ ယခင်ဈေးနှုန်းများ (အပေါ်ကပုံအစီအစဉ်အတိုင်းဖြစ်ပါသည်)


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com