9/10/2016

♪ ဖုန်းထုတ်စရာမလိုဘဲ Pokémon ဖမ်းပေးနိုင်တဲ့ Pokémon Go Plus ထွက်ရှိလာတော့မည် ♫


Niantic ဟာ Pokémon Go ဂိမ်းနဲ့ တွဲဖက်ကစားရမယ့် Pokémon Go Plus စက်လေးကို ရှေ့တစ်ပတ်ထဲမှာ စတင်ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Pokémon Go ဂိမ်းနဲ့အတူ လွန်ခဲ့တဲ့နှစ်လလောက်ကတည်းက ထုတ်ဖို့ ရည်မှန်းထားခဲ့တာဖြစ်ပေမယ့်၊ အခုမှ ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

Pokémon Go Plus ဟာ ဈေးနှုန်းကလည်း ၃၅ ဒေါ်လာသာရှိတာကြောင့် Pokémon Go ဂိမ်းဝါသနာရှင်တွေ လက်လှမ်းမီတဲ့အနေအထားမှာရှိပါတယ်။ စက်လေးကိုပဲ ဒီတိုင်းကိုင်သွားနိုင်သလို၊ လက်ပတ်ကြိုးနဲ့လည်း လက်မှာ ပတ်ထားနိုင်မှာပါ။ လမ်းသွားရင်း အကောင်ဖမ်းချင်တဲ့အခါမျိုးနဲ့ PokeStop လှည့်ချင်တဲ့အခါတွေမှာ ဖုန်းကြည့်နေစရာလိုတော့မှာမဟုတ်ပါဘူး။

pokemon go plus.png

Bluetooth စနစ်သုံး Pokémon Go Plus လက်ပတ်ရဲ့ အလုပ်လုပ်ပုံကို Niantic ကုမ္ပဏီက ဘလော့ဂ်ပို့စ်မှာ အခုလိုရှင်းပြခဲ့ပါတယ်။

PokeStop တစ်ခုကို ဖြတ်သွားတာနဲ့၊ Pokémon Go Plus စက်ကနေ တုန်ခါမှုနဲ့ မီးအလင်းရောင်ကို အသုံးပြုပြီး ထရိန်နာကို အသိပေးမှာဖြစ်ပါတယ်။ ဒီအခါ အိတ်ထဲထည့်ထားတဲ့ဖုန်းကို ထုတ်နေစရာမလိုဘဲ၊ လက်ပတ်ပေါ်က ခလုတ်ကို နှိပ်လိုက်ရုံနဲ့ ပစ္စည်းတွေ လှည့်လို့ရမှာဖြစ်ပါတယ်။


အကယ်၍ ကိုယ့်နားမှာ ပိုကီမွန်တစ်ကောင်ရှိနေမယ်ဆိုရင်လည်း အထက်ပါအတိုင်း အသိပေးသွားမှာဖြစ်ပြီး၊ လက်ပတ်ခလုတ်နှိပ်ရုံနဲ့ လမ်းလျှောက်မပျက် ပိုကီမွန်ဖမ်းနိုင်မှာဖြစ်ပါတယ်။ ကိုယ်ဘာကောင်မိခဲ့တာလဲဆိုတာကိုတော့ နောက်ပိုင်းမှာ ဖုန်း app ထဲက ‘Journal’ မှာ သွားကြည့်နိုင်ပါတယ်။

Pokémon Go ဂိမ်းဖိုင်ထဲတွေအထိ ဝင်ရောက်ရှာဖွေခဲ့တဲ့ နည်းပညာကျွမ်းကျင်သူ ပိုကီမွန်အမာခံပရိတ်သတ်တစ်ချို့ရဲ့ တွေ့ရှိချက်အရ အဆိုပါလက်ပတ်ဟာ ဖုန်းထဲမှာ Pokémon Go app ဖွင့်ထားမှ အလုပ်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

Pokémon Go Plus လက်ပတ်ကို စက်တင်ဘာလ ၁၆ ရက်နေ့က စတင်ကာ နိုင်ငံအများအပြားမှာ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com