9/19/2016

♪ အမေရိကန်တစ်ဦးရဲ့ တရားစွဲဆိုတာခံရပြန်တဲ့ Samsung ♫


Samsung ရဲ့ ကံဆိုးမိုးမှောင်ကျမှုက မရပ်တန့်သေးဘူးလားလို့တောင် မေးခွန်းထုတ်ရတော့မလိုပါပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အမေရိကန်စားသုံးသူကာကွယ်ရေးအသင်းက Galaxy Note7 ဖုန်းတွေကို ပြည်ထောင်စုထဲမှာ အသုံးမပြုကြဖို့ တားမြစ်စာထုတ်ခဲ့ပြီးနောက်ပိုင်းမှာ ယခုတစ်ဖန်လည်း အမေရိကန်နိုင်ငံသားတစ်ဦးက သူ့အနေနဲ့ သူ့ရဲ့ Galaxy Note 7 ဖုန်းဟာ အိတ်ထဲထည့်ထားတုန်းမှာ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် တရားစွဲဆိုထားတာ ခံထားရတယ်လို့ Reuters ကဆိုပါတယ်။

Jonathan Strobel လို့ခေါ်တဲ့ အဆိုပါ ဖလော်ရီဒါပြည်နယ်သားဟာ Galaxy Note 7 နဲ့ပါတ်သက်လို့  တောင်ကိုရီးယားကုမ္ပဏီကို တရားစွဲတဲ့ ပထမဆုံး အမေရိကန်နိုင်ငံသားလည်း ဖြစ်လာခဲ့ပါတယ်။ ဒါဟာဆိုရင် အမေရိကန်ပြည်ထောင်စုထဲမှာ Note 7 ဖုန်းတွေကို ပြန်လည်သိမ်းယူရာမှာ အလုံးရေတစ်သန်းပြည့်ပြီး တစ်ရက်အကြာမှာ ထွက်ပေါ်လာခဲ့တာပါ။

galaxy-note7-3

Samsung အနေနဲ့ US မှာ ဘက်ထရီ အပူလွန်တဲ့ ပြဿနာကြောင့် ဖြစ်ပွားခဲ့တဲ့ လုံးဝလောင်းကျွမ်းသွားမှု ၂၆မှု၊ သာမန်ထိခိုက်မှု ၅၅မှု အပါအဝင် တိုင်ကြားမှုပေါင်း ၉၂ခုကို ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီက ဒီတရားစွဲဆိုမှုနဲ့ ပါတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်းတော့ မရှိပါဘူး။

တရားစွဲဆိုမှုဟာ သူ့ရဲ့ထိခိုက်နစ်နာမှု၊ ကုန်ကျစရိတ်၊ နာကျင်စေမှုနဲ့ တခြားတရားမဝင် ဒဏ်ဖြစ်စေမှုတွေကြောင့်ဖြစ်ပြီး ဒီအမှုကို ဖလော်ရီဒါပြည်နယ်တရားရုံးက လက်ခံထားတယ်လို့ သိရပါတယ်။


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com