9/19/2016

♪ Pokemon Go ကို Apple Watch မှာ ကစားနိုင်မည် ♫

1

Pokemon Go ကို မကြာခင်မှာ Apple Watch မှာ ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ စမတ်နာရီက Egg ကို အကောင်ဖောက်ဖို့အတွက် ဘယ်လောက်လမ်းလျှောက် ရအုံးမလဲဆိုတာကို ပြောပြမှာဖြစ်ပါတယ်။

Level အသစ်တက်ဖို့အတွက် လိုအပ်တဲ့ Experience Points ကို ပြသမှာပါ။ ကစားသူရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို စမတ်နာရီမှာ ကြည့်နိုင်ပါတယ်။ Pokemon များ၊ Pokestop များနား ရောက်လာရင်လည်း နာရီက အသိပေးမှာ ဖြစ်ပါတယ်။

Pokemon Go ကို Download ပြုလုပ်မှု အရေအတွက်ဟာ သန်း ၅၀၀ ကျော်ပြီလို့ Niantic Labs က ပြောပါတယ်။ ကစားသူ အားလုံးရဲ့ လမ်းလျှောက်တဲ့ အကွာအဝေးဟာ ၄.၆ ဘီလီယမ် ကီလိုမီတာ ရှိနေပါပြီ။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com