9/07/2016

♪ Samsung Myanmar ကလည်း Galaxy Note 7 တွေကိုအသစ်တစ်လုံးဖြင့်ပြန်လဲလှယ်ပေးမည် ♫


လက်ရှိဈေးကွက်ထဲမှာရောင်းချထားတဲ့ Samsung Galaxy Note 7 တွေမှာ ဘက်ထရီပိုင်းဆိုင်ရာပြဿနာများရှိနေတာကြောင့် ကမ္ဘာတစ်ဝှမ်းကနိုင်ငံတော်တော်များများမှာရောင်းချထားတဲ့ Samsung Galaxy Note 7 များကိုပြန်သိမ်းပြီးအသစ်တစ်လုံးဖြင့်ပြန်လည်လဲလှယ်ပေးခြင်း ၊ ငွေပြန်အမ်းပေးခြင်းတို့ကို Samsung မှပြုလုပ်ပေးနေပါပြီ။ အခု Samsung Myanmar ကလည်း မြန်မာပြည်ဈေးကွက်ထဲမှာ KBZ နဲ့ပူးပေါင်းပြီး Pre Order စနစ်ဖြင့်ရောင်းချထားတဲ့ Galaxy Note 7 စမတ်ဖုန်းတွေကိုအသစ်တစ်လုံးဖြင့်ပြန်လဲလှယ်ပေးခြင်း (သို့) ငွေပြန်အမ်းပေးခြင်းတို့ကိုပြုလုပ်ပေးမည်ဖြစ်ကြောင်းတရားဝင်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၁၁ ရက်နေ့မှာ Note 7 ကိုမြန်မာပြည်ဈေးကွက်ထဲမှာစတင်ရောင်းချပေးမယ့်အစီအစဉ်ကိုလည်းရွေ့ဆိုင်းလိုက်ပါတယ်။ Samsung Myanmar ရဲ့ ကြေညာချက်အပြည့်အစုံကတော့အောက်ပါအတိုင်းပါ။
“Samsung အနေနဲ့ အရည်အသွေးအကောင်းမွန်ဆုံး ထုတ်ကုန်တွေကို ဖန်တီးထုတ်လုပ်ဖို့ ဆုံးဖြတ်ချက်ချထားတာဖြစ်ပြီး ကျွန်တော်တို့ အမာခံသုံးစွဲသူတွေက ပေးပို့လာတဲ့ အဖြစ်အပျက်အကြောင်းအရာ မှတ်ချက်တွေအားလုံးကိုလည်း အထူးအလေးအနက်ထားပြီး ဂရုစိုက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
အခုအသစ်ထွက်ထားတဲ့ Galaxy Note 7 နဲ့ပတ်သက်ပြီး လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ၊ တင်ပြချက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ စုံစမ်းကြည့်ရှုစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ရာ ဘက်ထရီဆဲလ်နဲ့ ပတ်သက်တဲ့ ပြဿနာကိုတွေ့ရှိခဲ့သည့်အတွက် Galaxy Note7 ရောင်းချမှုအား ရပ်တန့်လိုက်သဖြင့် လာမည့်စက်တင်ဘာလ ၁၁ ရက်နေ့ မြန်မာနိုင်ငံမှာ စတင်ရောင်းချမည့် အစီအစဉ်ကိုလည်း ၀မ်းနည်းစွာဖြင့်နောက်ဆုတ်လိုက်ရပါတယ်။”

“စက်တင်ဘာလ ၁ ရက်နေ့ကနေ ယနေ့အထိ ကမ္ဘာတစ်ဝှမ်းက သုံးစွဲသူတွေ ပေးပို့လာတဲ့ အကြောင်းအရာစုစုပေါင်း ၃၅ ခုကို သိရှိလက်ခံရရှိခဲ့တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဈေးကွက်ထဲမှာလက်ရှိ ပြဿနာရှိနိုင်ချေရှိတဲ့ ဘက်ထရီတွေကို စစ်ဆေးဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူ ကုန်ပစ္စည်းတင်သွင်းသူတွေနဲ့အတူတကွ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါတယ်။
ဒါပေမယ့် Samsung အတွက်တော့ သုံးစွဲသူတွေရဲ့ လုံခြုံရေးဟာ အဓိကဦးစားပေး အရေးပါတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ Galaxy Note 7 ရောင်းချမှုကို ရပ်တန့်လိုက်ပြီဖြစ်ပါတယ်။”
Galaxy Note 7 ဖုန်း ဝယ်ယူပြီးသူ သုံးစွဲသူများအနေနဲ့လည်း လက်ရှိဝယ်ယူထားတဲ့ ဖုန်းတွေကို လာမဲ့အပတ်တွေမှာ ဖုန်းအသစ်တစ်လုံးနဲ့ ပြန်လည် အစားထိုးလဲလှယ်ပေးမှာဖြစ်ပါတယ်။

ပြန်လည် အစားထိုးလဲလှယ်ပေးသည့်အစီအစဉ်အား ၂၀၁၆ အောက်တိုဘာလတွင် စတင်မည်ဖြစ်သည်။
အစားထိုးလဲလှယ်ပေးမည့်အစီအစဉ်အသေးစိတ်အား မြန်မာနိုင်ငံသို့ Note 7 ဖုန်းသစ်များ ရောက်ရှိသည် နှင့်တစ်ပြိုင်နက် ထုတ်ပြန်ကြေငြာ ပေးသွားမည်ဖြစ်သည်။
သုံးစွဲသူများအနေနှင့် အောက်တိုဘာလအထိ မစောင့်ဆိုင်းနိုင်ဘဲ ငွေပြန်အမ်းခြင်းအားရယူလိုပါက Galaxy Note 7 အား မကြာသေးမီက ထုတ်ယူခဲ့သည့် “Pre-Order သွားရောက်ထုတ်ယူခဲ့သည့်ဆိုင်” သို့ မူလ ဖုန်းဘူးအပြည့်အစုံ (လက်ဆောင်အိတ်၊ အားသွင်းကြိုး+ဖုန်းကာဗာ၊ ဗူး နှင့် ဆက်စပ်ပစ္စည်းများ)၊ ဝယ်ယူပေးချေထားသည့် ဘောင်ချာမူရင်းနှင့် ကမ္ဘောဇဘဏ်အကောင့်နံပါတ်တို့အား ယူဆောင်၍ စက်တင်ဘာလ ၇ ရက်နေ့ မှ ၁၈ ရက်နေ့၊ ၂၀၁၆ အတွင်း သွားရောက်ရန်လိုအပ်သည်။

ထိုနေ့ထက်ကျော်သွားပါက အသစ်လဲလှယ်ပေးခြင်းကိုသာ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါသည်။
အထက်ဖော်ပြပါလုပ်ဆောင်ချက်များသည် ကမ္ဘောဇဘဏ်မှတစ်ဆင့် ကြိုတင်မှာယူစနစ်နှင့်ဝယ်ယူခဲ့သည့် တရားဝင်ရောင်းချခဲ့သောဖုန်းများအတွက်သာအကျုံးဝင်သည်။ အောက်တိုဘာလအထိ စောင့်ဆိုင်းပြီး အစားထိုးလဲလှယ်ပေးသော ဖုန်းအသစ်များကို လက်ခံမည့် Samsung ချစ်သူများအနေဖြင့် လက်ဆောင်အိတ်ကို ပြန်လည်ပေးအပ်စရာမလိုဘဲ ဖုန်း၊ အားသွင်းကြိုး+ဖုန်းကာဗာ၊ ဗူးနှင့် ဆက်စပ်ပစ္စည်းများ၊ ဝယ်ယူပေးချေထားသည့် ဘောင်ချာမူရင်းနှင့် ကမ္ဘောဇဘဏ်အကောင့်နံပါတ်တို့ကိုယူဆောင်၍ အထက်ဖော်ပြပါ သတ်မှတ်ထားသော ရက်များအတွင်း သက်ဆိုင်ရာ အရောင်းဆိုင်များသို့ သွားရောက်ပေးအပ်နိုင်ပါသည်။
“ကျွန်တော်တို့အနေနဲ့လည်း ဈေးကွက်အတွင်းမှာ အဆင်မပြေမှုတွေ၊ အခက်အခဲတွေတွေ့ကြုံရမယ်ဆိုတာကို သိပေမယ့်လည်း Samsung အနေနဲ့ ကျွန်တော်တို့ရဲ့သုံးစွဲသူတွေကို အကောင်းမွန်ဆုံးသော အရည်အသွေးကို ပေးစွမ်းနိုင်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို ဆောင်ကြဉ်းနိုင်ဖို့ သေချာရန် အတွက်ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ပြန်လည်အစားထိုးလဲလှယ်ပေးတဲ့အစီအစဉ်ကိုလည်း အဆင်ပြေ၍ အကျိုးရှိနိုင်သမျှရှိစေရန်အတွက် ကျွန်တော်တို့ သက်ဆိုင်ရာတာဝန်ရှိသူများ မိတ်ဖက်များနှင့်အတူတကွ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။”


Credit to ==> Internet Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com