Google ဟာ ယခင် Nexus ဖုန်းထုတ်လုပ်တုန်းက ပူးပေါင်းခဲ့ဖူးတဲ့ Huawei
နဲ့ ပူးပေါင်းပြီး မျက်နှာပြင်အကျယ် ၇လက်မ အရွယ်အစားရှိတဲ့ Android
တက်ဘလက်တစ်လုံးကို မကြာမီအချိန်အတွင်းမှာ ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့
သိရပါတယ်။ ဒါဟာ ဒီနှစ်ကုန်ပိုင်းမတိုင်မီ ထွက်ရှိလာနိုင်ခြေရှိပြီး 4GB RAM
နဲ့ လာမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီသတင်းထွက်ရှိလာခဲ့ပေမယ့် Nexus ဖုန်းသစ်နဲ့ ပတ်သက်ပြီးတော့ သတင်းတစ်စုံတစ်ရာ ထွက်ရှိလာခြင်းမရှိပေမယ့် ကောလာဟလသတင်းတွေအရ Nexus ဖုန်းဟာ ထွက်လာဖို့အတွက် နီးစပ်နေပြီဖြစ်ပြီး အချက်အလက်တွေအရ Nexus ဆိုတဲ့ နာမည်ကို ထပ်မံသုံးစွဲတော့မှာ မဟုတ်ဘူးလို့လည်း ဆိုနေကြတာပါ။ နောက်ဆုံးထွက်ထားတဲ့ ကောလာဟာလသတင်းတွေအရတော့ ဖုန်းသစ်ရဲ့ နာမည်ဟာ Pixel နဲ့ Pixel XL ဆိုပြီး ပေးထားမှာဖြစ်ပါတယ်။
ကောလဟလသတင်းတွေ ရေးတတ်တဲ့ Venture Beat ရဲ့ Author တစ်ယောက်ဖြစ်တဲ့ Evan Blass ကအခုလို Tablet နဲ့ ပတ်သက်တဲ့ သတင်းတစ်စွန်းတစ်စကို Twitter မှာ ဖော်ပြခဲ့တာပါ။ Huawei ဟာ တက်ဘလက်တွေ ထုတ်လုပ်တာနည်းပါးပေမယ့် ထုတ်လုပ်တဲ့ တက်ဘလက်တွေကလည်း အတော်အသင့် အောင်မြင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ထုတ်လုပ်ခဲ့တဲ့ Matebook ဟာသုံးစွဲသူတွေရော၊ ဝေဖန်သူတွေပါ အတော်အကြိုက်တွေ့ခဲ့ကြပါတယ်။

www.pyaephyo.com