9/10/2016

♪ Pokemon Trainer တွေအတွက် အခမဲ့ Pokemon Bus Tour တွေ စောင့်ကြိုနေတဲ့ weekends ♫


ရန်ကုန်မြို့ က Pokemon Trainer တွေအတွက် အခုလာမယ့် စနေ၊တနင်္ဂနွေ (၁၀ရက်နေ့နဲ့ ၁၁ ရက်နေ့) ပိတ်ရက်မှာ အခမဲ့ Pokemon Bus Tour တွေက စောင့်ကြိုနေတယ်လို့ သိရပါတယ် ။

pokemon2

ပထမ တစ်ခုက တော့ Tour Company တစ်ခုဖြစ်တဲ့ Flymya.com  က စီစဉ်တာဖြစ်ပါတယ် ။ Free Pokemon Tour လို့ အမည်ပေးထားပြီး (၁၀) ရက်နေ့ နဲ့ (၁၁) ရက်နေ့ တွေမှာ အခမဲ့ပြုလုပ်သွားမှာဖြစ်ပါတယ် ။ ညနေ (၄) နာရီ မှာ မဟာဗန္ဓုလ ပန်းခြံကနေ စထွက်မှာဖြစ်ပြီး ရှားပါး ပိုကီမွန်တွေထွက်တယ်လို့နာမည်ကြီးတဲ့ ကမ္ဘာအေးလမ်းပေါ်က ဖူဆန်ဘုံကျောင်း ၊ မြကျွန်းသာဂိတ်ဝ ၊ Sedona Hotel ၊ Myanmar Plaza အနီးအနားတစ်ဝိုက်နဲ့ ဗဟန်း(၃)လမ်း ပတ်ဝန်းကျင်တို့ကို လှည့်လည် ပို့ဆောင်ပေးမှာဖြစ်ပါတယ် ။ လိုက်ပါချင်တဲ့သူတွေ ကတော့ Flymya ရဲ့  Facebook အကောင့် Flymya.com မှာ messenger က တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ် ။ လူဦးရေကန့်သတ်ထားတဲ့အတွက် မြန်မြန် စာရင်း ပေးဖို့တော့ လိုပါလိမ့်မယ် ။

14203349_1289739737726133_6056840486084297461_n

နောက်တစ်ခုကတော့ Telenor Myanmar ကစီစဉ်တဲ့ Game On Event ပဲဖြစ်ပါတယ် ။ ဒီ Event ကို ပြီးခဲ့တဲ့ အပတ်က စတင်ပြုလုပ်ခဲ့ပြီး လိုက်ပါ ကစားသူတွေ ကျေနပ်နှစ်သက်ပျော်ရွှင်ခဲ့ကြတဲ့အတွက် ယခုတစ်ပတ် မှာ ဒုတိယ အကြိမ်ပြုလုပ်ဖို့စီစဉ်တာဖြစ်ပါတယ် ။ ယခင်တစ်ပတ်ထက် ပိုပြီးပျော်စရာကောင်းတဲ့ အစီအစဉ်တွေ အမြောက်အများ ပါဝင်မှာဖြစ်တဲ့ အတွက် လိုက်ပါကစားကြဖို့ Telenor က ဖိတ်ခေါ်ထားပါတယ် ။

မနက် (၉) နာရီ ခွဲကနေ ညနေ(၅) နာရီခွဲ အထိ ပြုလုပ်မှာဖြစ်တဲ့အတွက် လိုက်ပါသူတွေအဆင်ပြေအောင် ကားပေါ်မှာ ဖုန်းအားသွင်းလို့ရအောင် စီစဉ်ပေးထားပါတယ် ။ ပထမဦးဆုံး စာရင်းပေးတဲ့ အယောက် (၆၀) သာ Game On Bus နဲ့ လိုက်ပါ ဆော့ကစားနိုင်မှာဖြစ်ပြီး မလိုက်ရတဲ့ သူတွေအနေနဲ့လည်း ပိုကီမွန်တွေကို ဖမ်းနိုင်ဖို့ Lure Module ကျဲပေးမယ့် နေရာတွေကိုလည်း အချိန်နဲ့ တကွ ကြေညာပေးထားတဲ့အပြင် လာရောက်ကြဖို့လည်း ဖိတ်ခေါ်ထားပါသေးတယ် ။ Pokemon Trainer အားလုံးအတွက် ပျော်ရွှင်စေမယ့် Game On အစီအစဉ် ရဲ့ခရီးစဉ်ကိုဖော်ပြပေးလိုက်ပါတယ် ။

မနက် ၀၉း၃၀ – ၁၀း၀၀ ဆရာစံပန်းခြံ (ရန်ကင်းစင်တာအနီး)
၁၀း၃၀ – ၁၁း၀၀ ခြောက်ထပ်ကြီးဘုရား (ရွှေဂုံတိုင်)
၁၁း၃၀ – ၁၂း၀၀ မြကျွန်းသာ
၁၂း၃၀ – ၀၁း၃၀ အင်းလျားကန်ဘောင် (ပြည်လမ်း) နေ့လည်စာ စားရန်နားပါမည်။
၀၂း၀၀ – ၀၂း၄၅ ကန်တော်ကြီးပန်းခြံ
၀၃း၀၀ – ၀၄း၀၀ ရွှေတိဂုံဘုရား (ကြားတောရ)
၀၄း၃၀ – ၀၅း၃၀ မဟာဗန္ဓုလပန်းခြံ


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com