9/03/2016

♪ Pokemon Go ကို တရားစွဲတဲ့ လင်မယား ♫

၃

အမေရိကန် ပြည်ထောင်စု မီချီဂန်မှ လင်မယားက Niantic နဲ့ Nintendo တို့ကို တရားစွဲလိုက်ပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ ပိုင်နက်အတွင်းမှာ ပိုကီမွန်အကောင်များကို ထားရှိလို့ ဖြစ်ပါတယ်။ ပိုင်ရှင်ရဲ့ ခွင့်ပြုချက်ကို ရယူပြီးမှသာ ပိုင်နက်အတွင်း ပိုကီမွန်များကို ထားရှိသင့်တယ်လို့ ပြောပါတယ်။

အဆိုပါ လင်မယားက ပိုကီမွန်အကောင်များ ထားရှိထားတဲ့ နေရာများကို ပိုင်ဆိုင်သူများက Pokemon Go ရဲ့ ၀င်ငွေထဲမှ အကျိုးအမြတ်ကို ခံစားခွင့်ကိုလည်း တောင်းဆိုဖို့ ကြိုးစားနေပါတယ်။ Pokemon Go ကစားသူများဟာ သူတို့ရဲ့ မြက်ခင်းများပေါ်မှာ လမ်းလျှောက်ခြင်း၊ သူတို့ရဲ့ နေအိမ်ထဲ ကို ချောင်းမြောင်းကြည့်ရှုခြင်း၊ သူတို့ကို စော်ကားခြင်းများကို ပြုလုပ်တယ်လို့ တရားရုံးမှာ စွဲချက်တင်ထားပါတယ်။ သူတို့ရဲ့ ပိုင်နက်ထဲမှာ နေ့စဉ် ဂိမ်းကစားသူ ရာဂဏန်းရှိတယ်လို့ ပြောပါတယ်။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com