9/03/2016

♪ iPhone ပုံစံတူဒီဇိုင်းနဲ့ တန်ဖိုးသင့်စမတ်ဖုန်း One A9S ကို HTC ထုတ်ဖော် ♫


HTC ရဲ့ မထွက်ရှိခင်ကတည်းက ကောလာဟလသတင်းတွေထွက်ပေါ်နေတဲ့ One A9 ဖုန်းဗားရှင်းသစ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ iPhone နဲ့ ပုံစံတူညီတဲ့ အလယ်အလတ်တန်းစား စမတ်ဖုန်းကို ပြီးခဲ့တဲ့ နှစ်လောက်ကတည်းကရင်း ထွက်ရှိဖို့အတွက် သတင်းတွေ ပြေးနေခဲ့တာပါ။

iPhone ရဲ့ ဒီဇိုင်းကို ယူပြီး တည်ဆောက်ထားတာနဲ့အညီ ယခင်ဖုန်းတွေလို ကျောဘက်ကင်မရာကို အလယ်ဘက်မှာ မထားတော့ပဲ ဖုန်းရဲ့ဘယ်ဘက်အခြမ်းမှာ ထားရှိခဲ့တာကြောင့် A9S ဟာ iPhone 6 နဲ့ ပိုမိုဆင်တူသွားခဲ့ပါတယ်။ အဲ့ဒီအပြင် ယခင်ဖုန်းတွေလို မျက်နှာပြင်ဘက်အခြမ်းမှာ HTC Logo ကိုမထည့်သွင်းတော့ပဲ Fingerprint ဆင်ဆာစနစ်ပါဝင်တဲ့ Home Button တစ်ခု အစားထိုးဝင်ရောက် လာခဲ့ပါတယ်။

htc-one-a9s-4
One A9S ဟာ မျက်နှာပြင်အကျယ် ၅လက်မအရွယ် 720P LCD မျက်နှာပြင်ဖြစ်ပြီး MediaTek Helio P10 processor ကိုအသုံးပြုထားတာပါ။ RAM ကို 2GB နဲ့ 3GB ဆိုပြီး နှစ်မျိုးရရှိနိုင်တာဖြစ်ပြီး ဘက်ထရီ ပမာဏအနေနဲ့ ကတော့ 2300mAh ဘက်ထရီကို အသုံးပြုထားတာ ဖြစ်ပါတယ်။

“သဘာဝပုံစံအတိုင်း ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့အတိပြီးတဲ့ ပုံစံတည်ဆောက်ထားပါတယ်” လို့ HTC ကဆိုခဲ့ပါတယ်။ ကံမကောင်းတာတစ်ခုက ကုမ္ပဏီဟာ ဖုန်းအတွက် ဈေးနှုန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တစ်စုံတစ်ရာကို ထုတ်ပြန်ခဲ့ခြင်းမရှိပဲ A9S အနေနဲ့ ဒေါ်လာ ၅၀၀တန် A9 စမတ်ဖုန်းထက်တော့ ဈေးနှုန်းလျော့နည်းဖွယ်ရှိနေပါတယ်။

htc-one-a9s-3

HTC ဟာ A9S အတွက် ထုတ်လုပ်မယ့် ရက်စွဲအသေးစိတ်ကိုလည်း ပြောကြားသေးခြင်းမရှိပဲ မကြာခင်မှာ အမေရိကန်ပြည်ထောင်စုအပါအဝင် တခြားကမ္ဘာ့ဈေးကွက်ကို ဖြန့်ချိတော့မှာဖြစ်တယ်လို့ သိရပါတယ်။

htc-one-a9s-2


Credit to ==> Digital Times





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com