9/22/2016

♪ Desire 10 စမတ်ဖုန်းနှစ်မျိုးကို HTC မိတ်ဆက် ♫


HTC သည် Desire 10 Pro နှင့် Desire 10 Lifestyle ဟုခေါ်သော စမတ်ဖုန်းသစ်နှစ်မျိုးကို ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။

HTC Desire 10 Pro
Desire 10 Pro တွင် ၅.၅ လက်မ FullHD IPS display ပါဝင်ပြီး Gorilla Glass ဖြင့် ကာကွယ်ထားသည်။ Mediatek Helio P10 chipset နှင့် 4GB RAM ဖြင့် အသုံးပြုနိုင်ပြီး သိုလှောင်မှုပမာဏက 64GB ဖြစ်သည်။ microSD မှတစ်ဆင့် သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်သည်။

ကျောဘက်တွင် 20MP ပင်မကင်မရာပါဝင်ပြီး f/2.2 27.8mm lens, laser autofocus နှင့် dual-LED flash ဖြင့် ရိုက်ကူးနိုင်သည်။ Selfie ဓာတ်ပုံများကို 13MP ကင်မရာဖြင့် ရိုက်ကူးနိုင်ပြီး အုပ်စုဖွဲ့ရိုက်ကူးမှုများအတွက် 150-degree selfie panorama mode ပါဝင်သည်။

ချိတ်ဆက်မှုအပိုင်းအနေဖြင့် Cat. 6 LTE, dual-band 5GHz/2.4GHz Wi-Fi a/b/g/n, Bluetooth v4.2, NFC နှင့် AGPS + GLONASS တို့ပါဝင်သည်။ ၃.၅ မီလီမီတာ နားကြပ်ပေါက် တစ်ခုနှင့် microUSB 2.0 port တစ်ခု ပါဝင်သည်။ ကျောဘက်တွင် fingerprint sensor တစ်ခု ပါဝင်သည်။ အရွယ်အစား ၁၅၆.၅ x ၇၆ x ၇.၉ မီလီမီတာ ဖြစ်ပြီး အလေးချိန်က ၁၆၅ ဂရမ်ဖြစ်သည်။ ဘက်ထရီက 3,000mAh ဖြစ်သည်။


HTC Desire 10 Lifestyle
Desire 10 Lifestyle တွင်မူ ၅.၅ လက်မ 720p display ပါဝင်ပြီး pixel သိပ်သည်းဆက 267ppi ဖြစ်သည်။ Snapdragon 400 chipset ကို အသုံးပြုထားပြီး 3GB RAM, 32GB သိုလှောင်မှုပမာဏနှင့် 2GB RAM, 16GB သိုလှောင်ပမာဏဟူ၍ နှစ်မျိုးနှစ်စားရရှိနိုင်သည်။ သိုလှောင်မှုပမာဏတိုးမြှင့်နိုင်ရန်အတွက် microSD slot တစ်ခုကို ထောက်ပံ့ပေးထားသည်။


ပင်မကင်မရာက 13MP ဖြစ်ပြီး f/2.2 28mm lens ဖြင့် ရိုက်ကူးနိုင်သည်။ အရှေ့ဘက်ကင်မရာက 5MP ဖြစ်သည်။ Cat. 4 LTE, 2.4GHz Wi-FI b/g/n, Bluetooth v4.1, NFC နှင့် AGPS + GLONASS ဖြင့် အသုံးပြုနိုင်ပြီး အားသွင်းခြင်းနှင့် အချက်အလက်လွှဲပြောင်းခြင်းအတွက် microUSB 2.0 ကို ထောက်ပံ့ပေးထားသည်။ ၃.၅ မီလီမီတာ နားကြပ်ပေါက်ပါဝင်သော်လည်း fingerprint sensor ပါဝင်ခြင်းမရှိပေ။


အရွယ်အစားက Desire 10 Pro နှင့်တူညီသော်လည်း အလေးချိန်က ၁၅၅ ဂရမ်သာရှိသည်။ ဘက်ထရီက 2,700mAh ဖြစ်သည်။ အဆိုပါ စမတ်ဖုန်းနှစ်မျိုးစလုံးကို Android 6.0.1 Marshmallow ဖြင့် အသုံးပြုနိုင်သည်။


Desire 10 LifeStyle ကို ရွေးချယ်ထားသည့် ဈေးကွက်အချို့၌ စတင်ရောင်းချနေပြီး Desire 10 Pro ကိုမူ နိုဝင်ဘာလမှသာ ရရှိနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ Desire 10 LifeStyle အတွက် ၃၂၅ ဒေါ်လာ ကျသင့်မည်ဖြစ်သည်။ Desire 10 Pro အတွက် ဈေးနှုန်းကိုမူ ကုမ္ပဏီမှ ကြေညာထားခြင်း မရှိသေးပေ။


Credit to ==> Internet Journal

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com