Maxell (Japan) တံဆိပ်ခရီးဆောင်မိုဘိုင်းအားသွင်းစက်များကို Smart Phone များကဲ့သို့အလွယ်တကူ သယ်ဆောင်သွားနိုင်အောင်ထုတ်လုပ်ပေးထားပါသည်။ iPad/ iPhone/ iPod/ Smart Phone/ Tablet များကို နေရာမရွေး၊ အချိန်မရွေးအားသွင်းအသုံးပြုနိုင်သည်။

လျှပ်စစ်ဗို့အားပမာဏ 2800mAhအထိ သိုလှောင်နိုင်ပြီး ၄နာရီကြာ အားသွင်းရသည်။ အ၀င်အထွက် ဗို့အားသွင်းမှုကို High Speed Charging 5V/1Aဖြင့် သွင်းနိုင်သည်။ LED Indicator ပါရှိသည့်အတွက် သိုလှောင်မှုပမာဏကို သိရှိနိုင်သည်။ Lithium-ion ဘက်ထရီကို အသုံးပြုထားသောကြောင့် အကြိမ်အနည်းဆုံး (၅၀၀)ထိ အသုံးပြုနိုင်သည်။ 11mm အထူသာရှိပြီး ကိုယ်ထည်ကိုခိုင်မာသည့် အလူမီနီယံများနှင့် ပြုလုပ်ထားသည်။ ပန်းရောင်၊ ငွေမှင်ရောင်တို့ဖြင့် လှပစွာထုတ်လုပ်ထားပြီး အာမခံတစ်နှစ်ပါရှိသည်။ Multi World Electronics အမှတ်(၁၄၅)၊ မြေညီထပ်၊ ယူနိုက်တက်တာဝါ၊

ဗိုလ်အောင်ကျော်လမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။
ဖုန်း၀၁-၃၇၄၁၈၈၊၃၈၉၆၈၈မှ ဈေးနှုန်းချိုသာစွာဖြင့်လက်လီလက်ကားဖြန့်ချီပြီးအမြို့မြို့အနယ်နယ်ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင်ဝယ်ယူရရှိနိုင်ပါသည်။

ဈေးနှုန်း – MPC-B2800 – 10,500ks