9/08/2016

♪ “အူရီဒူးဆင်းကတ် မှတ်ပုံတင်ထားခြင်း ရှိမရှိ *666# သို့ ဖုန်းခေါ်ဆိုစစ်ဆေးနိုင်” ♫


အူရီဒူးဆင်းကတ်များအား မှတ်ပုံတင်ရန်ဖိတ်ခေါ်ထားပြီး မိမိဆင်းကတ် မှတ်ပုံတင်ထားခြင်း ရှိမရှိအား *666# သို့ ဖုန်းခေါ်ဆိုပြီး စစ်ဆေးနိုင်ကြောင်း သိရသည်။ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှမြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် မိမိတို့ အသုံးပြုနေသောဆင်းကတ်များအား သက်ဆိုင်ရာအော်ပရေတာအသီးသီးနှင့် ဆက်သွယ်ကာ အသုံးပြုသူများ၏ မိုဘိုင်းလုံခြုံမှုကာကွယ်ရေးအတွက် မှတ်ပုံတင်ထား ရမည်ဖြစ်ကြောင်းနှင့် စနစ်တကျမှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းကတ်များအား ၂၀၁၇ ခုနှစ်၊ မတ်လ (၃၁)ရက်မှစတင်ကာ ၀န်ဆောင်မှု ပေးခြင်း ယာယီရပ်စဲသွားမည်ဖြစ်ပြီး စနစ်တကျမှတ်ပုံတင်ပြီးမှသာ ပြန်လည် သုံးစွဲခွင့်ပေးသွား မည်ဖြစ်ကြောင်း အများပြည်သူလုံခြုံရေးကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ရန်ရည်ရွယ်လျက် ထုတ်ပြန် ကြေညာခဲ့ပါသည်။

မိုဘိုင်းဖုန်းသုံးစွဲသူမှ မိမိ၏ဆင်းကတ်သည် မှတ်ပုံတင်ထားခြင်း မရှိကြောင်း တွေ့ရှိပါက မိမိနှင့်အနီးဆုံး အူရီဒူး အမှတ်တံဆိပ် အရောင်းဆိုင်များသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား(သို့မဟုတ်) ကျောင်းသားကတ် ယာဉ်မောင်းလိုင်စင်စသည့် သက်သေခံကတ်ပြားမိတ္တူတစ်ခုဖြင့် ဆင်းကတ် မှတ်ပုံတင်ခြင်းကို လွယ်ကူစွာ ပြုလုပ်နိုင်ကြောင်း အူရီဒူးမှ သတင်းထုတ်ပြန် ပါသည်။

အူရီဒူး၏ Website link (သို့မဟုတ်) My Ooredoo Application ဖြင့် လွယ်ကူ စွာမှတ်ပုံတင်နိုင်ရန်နောင်တွင် ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များ လည်းရှိပါသည်။ အဆိုပါလွယ်ကူမြန်ဆန်သည့် နည်းစနစ်ဖြင့် ဆင်းကတ် မှတ်ပုံတင် ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် အစီအစဉ်ကိုဝန်ဆောင်မှုပေးရန် အဆင်သင့်ဖြစ်သည်နှင့် တစ်ပြိုင်တည်း အူရီဒူးမှသုံးစွဲသူများထံသို့ အူရီဒူး မြန်မာမှ အကြောင်းကြားပေးသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

သုံးစွဲသူများအနေဖြင့် ဆင်းကတ်ဝယ်ယူပြီးသည်နှင့် SIM Pack ပေါ်ရှိ PIN No. နဲ့ PUK No. အားမှတ် သားထားရန် လိုအပ်ပြီး ဆင်းကတ်ပျောက်/ပျက်ခဲ့ပါက အဆိုပါနံပါတ်များကို တင်ပြခြင်းဖြင့် မိမိဆင်းကတ်ကို လွယ်ကူစွာ ပြန်လည် လျှောက်ထားရယူနိုင်မှာ ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် ဆင်းကတ် ၀ယ်ယူသည့်အခါတွင် ဆင်းကတ်ချိုးပြီးနောက် SIM Pack ကို သိမ်းထားပြီး သုံးစွဲသူအနေဖြင့် မိမိဆင်းကတ်၏ PIN No. နှင့် PUK No. တို့ကို သိရှိမှသာ လျှင် ကတ်ပျောက်/ကတ်ပျက် ဖြစ်လျှင်အလွယ်အကူ ပြန်လည်ထုတ်ယူနိုင် မည်ဖြစ်သည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com