9/11/2016

♪ iOS မှာကစားလို့ ရတော့မယ့် Super Mario Run ♫


လူအများစုရဲ့ငယ်ဘဝတွေကို လွှမ်းမိုး ခဲ့ဖူးတဲ့ Mario ဂိမ်းကို အခုအခါ iOS မှာ တရားဝင်ဆော့နိုင်ပြီး ဖြစ်ကြောင်း Nitendo က ပြီးခဲ့တဲ့ (၇) ရက်နေ့က ကျင်းပခဲ့တာ Apple Event မှာကြေညာခဲ့ပါတယ် ။


rdicl2ioa7ia7edycnhw

Nitendo ရဲ့  Video Game Designer ဖြစ်တဲ့ ရှီဂီရူး မီယာမိုတို ကိုယ်တိုင် မိတ်ဆက်ပြသပြီး ရှင်းလင်းပြောကြားခဲ့ တာဖြစ်ပါတယ် ။

ယခင် ဂိမ်းတွေနဲ့ မတူတဲ့ အချက်က ဒီ ဂိမ်းဟာ Running ဂိမ်း အမျိုးအစားဖြစ်တဲ့အတွက် အရင်လို သွားချင်သလိုသွားလို့မရတော့တာတစ်ခုပါပဲ ။

Super Mario Run ကို New Super Mario Bros ရဲ့  Graphics အတိုင်း ပုံဖော်ထားပြီး မကြာခင် App Store ပေါ် ရောက်ရှိတော့မှာ ဖြစ်တယ်လို့ သိရပါတယ် ။ အနာဂတ်မှာ Android အတွက် ကိုလည်း ပြုလုပ် ပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ် ။

CrxGVrMUMAEMjBL

အခု လက်ရှိမှာတော့ Apple ရဲ့  App Store ပေါ်မှာရောက်ရှိ နေပေမယ့် Download ဆွဲရမယ့် GET icon နေရာမှာ NOTIFY ဆိုတဲ့ icon ကိုတွေ့ ရပါတယ် ။ NOTIFY icon ကိုနှိပ်ထားပါက App ကို Download လုပ်ဖို့ အဆင်သင့်ဖြစ်တာနဲ့ Notification ပေးမှာဖြစ်တယ်လို့ သိရပါတယ် ။

မကြည့်ရသေးသူတွေအတွက် Video Presentation အပြည့် အစုံကို ဖော်ပြပေးလိုက်ပါတယ် ။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com