9/11/2016

♪ Amazon ရဲ့ Fire HD 8 တက်ဘလက်မှာ အသံစေခိုင်းစနစ် Alexa ပါဝင်လာ ♫


Amazon ဟာ Alexa ဆိုတဲ့ ဒီဂျစ်တယ်အသံထိန်းချုပ်စနစ်ကို Fire တက်ဘလက်တွေမှာပါ ပထမဆုံးအနေနဲ့ ထည့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Alexa ဟာ အသံထိန်းချုပ်စပီကာ Amazon Echo မှာ ပါဝင်တဲ့ ဒီဂျစ်တယ်အထောက်အကူပြုဆော့ဖ်ဝဲတစ်ခု ဖြစ်ပြီး၊ ‘Alexa’ ဆိုတဲ့ နာမည်ကို အသံနဲ့ လှမ်းခေါ်လိုက်ရုံနဲ့ တာဝန်အမျိုးမျိုးခိုင်းစေလို့ရပါတယ်။

ကြာသပတေးနေ့က အသစ်ပြန်လည်မိတ်ဆက်လိုက်တဲ့ ဒေါ်လာ ၉၀ တန် Amazon Fire HD 8 တက်ဘလက်မော်ဒယ်မှာ ‘Alexa’ ပါဝင်လာပြီဖြစ်ပြီး၊ လက်ရှိမော်ဒယ်အဟောင်းဖြစ်တဲ့ Fire HD 8၊ Fire HD 10 နဲ့ ဒေါ်လာ ၅၀ တန် Fire တက်ဘလက်တွေမှာလည်း ‘Alexa’ ရတော့မှာဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။

အဆိုပါမော်ဒယ်အဟောင်းတွေအတွက်တော့ နောက်လကျမှ ဆော့ဖ်ဝဲ update နဲ့ ပေးသွားမှာပါ။ Alexa ကို Fire တက်ဘလက်တွေမှာ ထည့်သွင်းပေးလိုက်ခြင်းဟာ Amazon.com မှာ သုံးစွဲသူတွေ ပိုမိုဈေးဝယ်လာအောင်နဲ့ Amazon ထုတ်ကုန်တွေ ပိုမိုအရောင်းသွက်ဖို့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ Alexa ဟာ Amazon Echo စမတ်စပီကာနဲ့ Fire TV တို့မှာ ပါဝင်ပြီးသားဖြစ်ပါတယ်။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com