9/03/2016

♪ IFA 2016 ပွဲတွင် အလတ်တန်းစားဖုန်းအသစ်များဖြစ်သည့် Nova နှင့် Nova Plus တို့ ကို Huawei ဖြန့် ချိ ♫


IFA 2016 ဟာ အခုဆိုဟန်ချက်ညီနေပြီး အခုဆို Huawei ကို စင်တင်ရမယ့် အလှည့်နဲ့ ကြုံလာပါပြီ။  ပြီးခဲ့တဲ့ နှစ်များက တရုတ်ကုမ္ပဏီဟာ IFA ပွဲမှာ Mate စီးရီး ဖုန်းတွေကို ဖြန့် ချိခဲ့ပါတယ်။ ဒီတော့ ဒီနှစ်မှာလည်း  Mate S ရဲ့ အဆက်ဖြစ်တဲ့ ဖုန်းတွေကို တွေ့ မြင်ရဖို့ မျှော်လင့်ထားကြတာပါ။ အဲဒီအစား Huawei ဟာ Nova နဲ့  Nova Plus ဖုန်းအသစ်နှစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။



နာမည်က အသစ်ဖြစ်နေသလို Nova နဲ့ Nova Plus ဟာ ရှိရင်းစွဲ Huawei ဖုန်းတွေကို တကျော့ပြန်ပြီး ထုတ်လုပ်တာနဲ့ ပိုပြီးတူနေတယ်လို့ ခံစားရပါတယ်။ ၅ လက်မ ရှိတဲ့ Nova ဟာ ထွက်ရှိပြီးသား Nexus 6P နဲ့  အတော်လေး တူပြီး မျက်နှာပြင် ၅.၅ လက်မ Nova Plus ကတော့ Mate စီးရီးများကနေ ပွားယူထားတာပါ။ ရလဒ် အနေနဲ့  ဒီဖုန်းနှစ်လုံးဟာ နာမည်ပိုင်းဆင်တူပေမယ့် အတော်လေး ကွဲပြားပါတယ်။



ရင်းနှီးပြီးသား အသွင်ဒီဇိုင်းဟာ သိပ်တော့ မဆိုးပါဘူး။ Nova နဲ့ Nova Plus ကို 2.5D မှန်ပြင် နဲ့  သန့် ရှင်း တဲ့ ဘေးလိုင်းပါတဲ့ အလူမီနီယံကိုယ်ထည်နဲ့ ဖွဲ့ စည်းထားပြီး လူတော်တော်များများ နှစ်သက်အောင် ဆွဲဆောင်နိုင်မှာပါ။

Nova နဲ့ Nova Plus တို့ ကို ယခုနှစ် ရာသီ အလတ်တန်းစား စမတ်ဖုန်းတွေအတွက် နာမည်ကျော် ရွေးချယ်မှု ဖြစ်တဲ့ Qualcomm ရဲ့ Snapdragon 625 processor နဲ့ မောင်းနှင်ပါတယ်။ RAM ပိုင်းမှာ 3GB နဲ့ build-in storage အနေနဲ့ ပါလာတဲ့ 32 GB အပြင် 3020 mAh နဲ့ 3340 mAh ဘက်ထရီများ လည်း ပါရှိပါတယ်။ ဒီဘက်ထရီတွေဟာ ဘက်စုံသုံးအတွက် နှစ်ရက်လောက်အထိ ကောင်းကောင်းသုံးခံတယ် လို့  Huawei ရဲ့ ကိုယ်စားလှယ်တွေမှ ဆိုပါတယ်။

Nova ဖုန်းမှာတော့ အလိုအလျောက်ချိန်နိုင်တဲ့ phase-detection autofocus နဲ့ အတူ 12MP sensor တစ်ခု ပါပြီး Nova Plus မှာတော့ 16MP အထိ မြှင့်တင်ပြီး အမြင်ပိုင်းပုံရိပ်အငြိမ် စနစ်တစ်ခုလည်း ပါရှိထားပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ ရှေ့ ခြမ်းကင်မရာ အဖြစ် 8MP ပါရှိပြီး camera app ထဲမှာ Huawei ရဲ့ အလှ အပတန်ဆာဆင်ထားတဲ့ modes တွေလည်း ထည့်ရှိထားပါတယ်။



တန်ဖိုးမြင့် ဖုန်းတွေမှာပဲ USB Type-C ports တွေ ပါရှိတာကို တွေ့ ရပေမယ့် Huawei ဟာ ဒီလို feature ကို ထည့်သွင်းဖို့ အားသန်နေပုံရပါတယ်။ ဒါ့ကြောင့် Nova နဲ့ Nova Plus မှာ အခုလို ဆက်သွယ်မှု စံ အသစ်ကို ထည့်သွင်းထားပါတယ်။ လက်ဗွေ ဖတ်တဲ့ Fingerprint sensor ကတော့ ဖုန်းတွေရဲ့ ကျောဘက်မှာ ပါရှိပါတယ်။



Nova နဲ့ Nova Plus ဟာ Huawei မှ စိတ်ကြိုက် ပြင်ပြီး customize လုပ်လို့ ရတဲ့ Marshmallow မှာ အခြေခံထားတဲ့ EMUI 4.1 နဲ့ မောင်းနှင် run ပါတယ်။ ကုမ္ပဏီအနေနဲ့ နောက်ထပ်ထုတ်ပြချင်တဲ့ feature ကတော့ Knuckle Sense ဖြစ်ပါတယ်။ ဒီ feature ဟာ ကိုယ့်လက်ဆစ်တွေနဲ့ အမူအယာထည့်လို့ ရပြီး မျက်နှာပြင် screen ဟာ အရေပြားရဲ့ လျှပ်စစ်စီးကူးမှုကို တိုင်းတာခြင်းအားဖြင့် လက်ချောင်းထိပ်တွေနဲ့ လက်ဆစ်နှစ်ခုအကြား ကွဲပြားမှုကို ပြောပြပေးသွားမှာပါ။ လက်ဆစ်ရဲ့ အမူအယာကို သုံးပြီး ကင်မရာအမြန်ဖွင့်လို့ ရသလို screen ပေါ်ကနေ Screenshot ရိုက်လို့ ရတာမျိုးတွေ လုပ်လို့ ရနိုင်မှာပါ။



Nova နဲ့ Nova Plus ကို နောက်လထဲ ဥရောပမှာ ဈေးသင့်သင့်နဲ့ ရောင်းချသွားမယ်လို့ Huawei ကဆို ပါတယ်။ ဈေးနှုန်းကတော့ $ 350 ကနေ $450 ကြား ဖြစ်မယ်လို့ မှန်းထားပါတယ်။ ဖုန်းတွေဟာ အဖြူရောင် ၊ ရွှေရောင် နဲ့ ငွေရောင် နဲ့ လာမှာပါ။

မကြာခင်မှာ Huawei Nova နဲ့ Nova Plus တို့ ရောက်လာမှာဖြစ်လို့  IFA 2016 မှ နောက်သတင်းတွေ ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


Credit to ==> Myanmar Mobile App


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com