9/03/2016

♪ “Huawei က 16MP Camera ပါတဲ့ G9 Plus ကို မိတ်ဆက်” ♫


Huawei က G9 Plus လို့ အမည်ရတဲ့ စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက် လိုက်ပါတယ်။ Huawei G9 Plus ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီ။ Qualcomm Snapdragon 625 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။

၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ 3GB RAM / 32GB Internal Storage Model နဲ့ 4GB RAM / 64GB Internal Storage Model များ ထုတ်လုပ်ပေးထားပါတယ်။ 3340mAh Battery ပါရှိပါတယ်။ အနောက်ဘက်မှာ 4K Video များကို ရိုက်ကူးပေးနိုင်တဲ့ 16MP Camera တပ်ဆင်ထားပါ တယ်။ အရှေ့ဘက်မှာ 8MP Camera ပါရှိပါတယ်။

၁၆၀ ဂရမ် အလေးချိန်ရှိပြီး ၇.၃ မီလီမီတာ အထူရှိပါတယ်။ Android 6.0 Marshmallow ကို EMUI Version 4.1 နဲ့ ပေါင်းစပ်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ စစ်ဆေးတဲ့ ကိရိယာ ပါရှိပါတယ်။ Huawei G9 Plus ဟာ ယခင်လက မိတ်ဆက်ခဲ့တဲ့ Huawei Mainamg 5 နဲ့ ဒီဇိုင်းအပိုင်းမှာ အလွန် ဆင်တူပါတယ်။

Huawei G9 Plus ကို တရုတ်မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး 3GB RAM Model ကို ယွမ် ၂၃၉၉ ( ဒေါ်လာ ၃၆၀ ၀န်းကျင်) သတ်မှတ်ထားပါတယ်။ 4GB RAM Model ရဲ့ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး သြဂုတ်လ ၂၅ နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com