Huawei က လှပသောအသွင်ဒီဇိုင်း၊ အားအင်ပြည့်ဝသော
စွမ်းဆောင်ရည်၊ အံ့သြဖွယ်ကင်မရာတို့ ပေါင်းစပ်ပါဝင်သည့် ဟန်းဆက်အသစ် (၂)
မျိုးကို ထပ်မံမိတ်ဆက်။
Huawei nova မိသားစုကို စွဲဆောင်မှုရှိလှသော ပုံသဏ္ဍာန်၊ စွမ်းအင်ပြည့်ဝသော စွမ်းဆောင်ရည်တို့ကို ကျွမ်းကျင်စွာပေါင်းစပ်ထုတ်လုပ်ထားပါသည်။ ခန့်ညားသော တည်ဆောက်ပုံ ၊ ဆွဲဆောင်မှုရှိသော ဒီဇိုင်းသွင်ပြင် နှင့် ကျက်သရေရှိစွာ လှပသော မျက်နှာပြင်၊ သုံးစွဲသူများနှင့် လုံးဝအံဝင်ဂွင်ကျ ဖြစ်နိုင်မည့် အမြင်နှင့် ထိတွေ့ ကိုင်ဆောင်ရ လွယ်ကူသောဖုန်းအမျိုးအစားကို မြင်တွေ့နိုင်မည်ဖြစ်ပါသည်။ nova နှင့် nova plus တို့ကို ပြီးပြည့်စုံသော ဒီဇိုင်းနှင့်အတူ Prestige Gold၊ Mystic Silver နှင့် Titanium Grey ဆိုပြီး အရောင် (၃) ရောင် ထုတ်လုပ်ထားပါသည်။
Huawei nova သည်မယုံကြည်နိုင်လောက်သော အမြန်နှုန်း၊ နက်နက်နဲနဲနှင့် ရှင်းလင်းပြတ်သားသော ပြောင်မြောက်သော ဓါတ်ပုံအတွေ့အကြုံကို ရရှိနိုင်မည့်အပြင် 12MP အနောက်ကင်မရာက အလင်းရောင်အားနည်းသည့် နေရာများတွင်ပင် ကောင်းမွန်လှသော ပုံထွက်ကို ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် nova plus တွင်လည်း မယုံနိုင်လောက်အောင် ကောင်းမွန်သော 16MP အနောက်ကင်မရာပါဝင်ကာ ဓါတ်ပုံအတွက် စိတ်အားထက်သန်မှုနှင့် မိသားစု၊ သူငယ်ချင်းများနှင့် ဝေမျှနိုင်ရန် ပြီးပြည့်စုံသော အခိုက်အတန့်လေးများကို မှတ်တမ်းတင်ထားနိုင်မည်ဖြစ်ပါသည်။ ထုတ်ကုန်နှစ်ခုလုံးတွင် ကောင်းမွန်လှပသော selfie ရိုက်ကူးနိုင်ရန်နှင့် မည်သည့်အလင်းရောင်တွင်မဆို မှတ်တမ်းတင်ထားနိုင်ရန်အတွက် 8MP အရှေ့ကင်မရာ ပါဝင်ပါသည်။ တန်းတူအခြားအမှတ်တံဆိပ်ထုတ်ကုန်များထက် မျက်နှာပြင်ကိုယ်ထည်အချိုး (Screen to Body Ratio) အကြီးဆုံးဖြစ်ကာ Full HD မျက်နှာပြင်ကို နှစ်မြုပ်တပ်ဆင်ပေးထားသည့်အတွက် သုံးစွဲသူများအနေဖြင့် ကမ္ဘာကြီး၏အလှအပများကို အပြည့်အ၀ခံစားနိုင်မည်ဖြစ်ပါသည်။
Huawei nova စီးရီးသည် ဖုန်းပါဝါကို အလွန်အမင်းအသုံးပြုတတ်သော သုံးစွဲသူများ၏ လိုအပ်ချက်ကို ကိုက်ညီစေမည်ဖြစ်ပါသည်။ ဘက်ထရီသက်တမ်း ၂ ရက်အထိ ကြာရှည်အသုံးပြုနိုင်မည့် nova နှင့် nova plus တို့သည် အသင့်အချိန် (standby times)နှင့် ပြည့်ဝသော စွမ်းဆောင်ရည်တို့ကို ပိုမိုကြာရှည်အောင် ထိန်းညှိပေးနိုင်မည့်အပြင် သင်လိုအပ်သော ဘက်ထရီအားကို နေ့ရောညပါ ပေးစွမ်းနိုင်ပါသည်။
Huawei ၏ 3D လက်ဗွေရာအာရုံခံစနစ်က လုံခြုံရေးကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ပြင်ဆင်ထားပြီး လော့ခ်ဖွင့်ရာတွင် ပိုမိုတိကျမြန်ဆန်လာပါသည်။ ထိုအာရုံခံစနစ်က သင့်စမတ်ဖုန်း လျှို့ဝှက်နံပါတ်မမှတ်မိတော့ သည့်ဖြစ်ရပ်များကို စိတ်ပူစရာမလိုတော့ဘဲ သင့်အတွက် ပိုမိုအဆင်ပြေစေလာပါလိမ့်မည်။ ထို့အပြင် ထိုလက်ဗွေရာတွင် လက်ညှိုးနှင့်ထိတွေ့ရုံဖြင့် ပြီးပြည့်စုံသော selfie ရိုက်ကူးခြင်းစသော အခြားဖုန်းလုပ်ဆောင်ချက်များကို စိတ်ကြိုက်ထိန်းချုပ်လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
Huawei Consumer Business Group ၏ CEO၊ Mr. Richard Yu က “နေ့စဉ်တိုးပွားလာနေတဲ့ လူနေမှုဘ၀ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် ကျွန်တော်တို့ရဲ့ ဒီဇိုင်နာများက လှပတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ပေးခဲ့ပါတယ်။ nova နဲ့ nova plus က သုံးစွဲသူတွေမျှော်လင့်ထားတာထက်ကို ပေးစွမ်းနိုင်တဲ့အပြင် သုံးစွဲသူတွေ ပေးရတဲ့တန်ဖိုးနဲ့ ထိုက်တန်လှပါတယ်။ ဒီဟန်းဆက်တွေက သုံးစွဲသူတွေအတွက် ပိုမိုလင်းလက်တောက်ပလာစေဖို့၊ နေ့စဉ်အလုပ်တွင်စေဖို့နဲ့ သူတို့ရဲ့ နေထိုင်မှုတွေမှာ အကောင်းဆုံး လုပ်ဆောင်ချက်တွေနဲ့ တိုးတက်စေဖို့အတွက် မြှင့်တင်ပေးပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
၂၀၁၆ခုနှစ် IFA၊ ဘာလင်တွင် Huawei Consumer Business Group ၏ အခြားသော စိတ်လှုပ်ရှားဖွယ် ထုတ်ကုန်များကိုလဲ ကြေညာခဲ့ပါသည်။ ၀င့်ကြားဖွယ် 8.4” မျက်နှာပြင် MediaPad က တန်းတူဖုန်း အမျိုးအစားများထဲတွင် မျက်နှာပြင်ကိုယ်ထည်အချိုး (Screen to Body Ratio) အကြီးဆုံးဖြစ်ပါသည်။ Huawei MediaPad က သင်ကြိုက်နှစ်သက်သော ရုပ်ရှင်နှင့် တီဗီရှိုးများကို အရည်အသွေးမြင့် အသံစနစ်နှစ်မျိုးဖြစ်သော Harman /Kardon စပီကာများကပေးစွမ်းသည့် ပရီမီယံအသံအရည်အသွေးများနှင့် ကြည့်ရှုခံစားနိုင်မည် ဖြစ်ပါသည်။
ယခုနှစ်အစောပိုင်းကာလ မိတ်ဆက်ပွဲပြီးနောက်တွင် စွမ်းဆောင်ရည်မြင့်မားသော ကင်မရာ၊ Leica နှင့် ပေါင်းစပ်ထားသောကင်မရာနှင့် ဈေးကွက်တွင်ဦးဆောင်နေသော အခြားသောလုပ်ဆောင်ချက် များနှင့် Huawei P9 သည် အလွန်ဆွဲဆောင်မှုရှိသော အနီရောင် နှင့် အပြာရောင် အရောင်သစ်နှစ်မျိုးဖြင့် စင်မြင့်ထက်တွက် လျှောက်လှမ်းရန်အသင့် ဖြစ်နေပြီဖြစ်ပါသည်။
ထို့ပြင် Huawei က ဒါရိုက်တာ Dennie Gordon ရိုက်ကူးသည့် “Dream it Possible” ဟူသော ဇာတ်လမ်းတိုကို ပွဲဦးထွက်တင်ဆက်ခဲ့သည်။ ဇာတ်လမ်းအကြောင်းအရာမှာ ငယ်ရွယ်ပြီး စိတ်အား ထက်သန်သော ဂန္တ၀င်တေးဂီတဖျော်ဖြေပွဲ စန္ဒရားပညာရှင်လေး Anna က Huawei ၏ အမှတ်တံဆိပ်ဆောင်ပုဒ် (brand value) ဖြစ်သည့် “အရာရာတိုင်းသည် အမှန်တကယ်ဖြစ်လာနိုင်သည် (Everything is Possible)” ဆိုသော အရာကို တင်ဆက်ထားခြင်းဖြစ်ပါသသည်။
Huawei nova ကို အောက်တိုဘာလမှ စတင်၍ ဂျာမနီ၊ ပြင်သစ် ၊ စပိန် နှင့် သြစတီးယား အပါအ၀င် နိုင်ငံပေါင်း ၅၀ တွင် ရရှိနိုင်တော့မည် ဖြစ်ပါသည်။
Huawei Nova ၏ အဓိက အချက်အလက်များ
- Huawei nova : ထူးခြားလှပသော၊ ကျစ်လျစ်သိပ်သည်းသော၊ အကွေးဒီဇိုင်းနှင့် ပြောင်းလဲလာသော အရှေ့ကင်မရာ
- Huawei nova plus : 16MP အနောက်ကင်မရာနှင့် လှပသော အခိုက်အတန့်လေးများကို အမိအရဖမ်းယူနိုင်မည့် အစွမ်း

- Graceful and compact ID with superior experience in hand
- 8MP front camera + 12MP rear camera with 1.25um pixel size
- 4K video recording
- New Snapdragon generation: MSM8953
- 2 days of battery use: 3020mAh battery in compact body
- Flagship 16MP rear camera with 3 axis OIS
- 4K video recording
- 8MP front camera
- New Snapdragon generation: MSM8953
- 2 days of battery use: 3340mAh battery
www.pyaephyo.com