9/01/2016

♪ AutoCAD Professional သင်တန်းအား m3wi သင်တန်းကျောင်းမှ အသစ်စတင်ဖွင့်လှစ်မည် ♫

rendering-with-autocad-logo-Feature_1290x688_KL

Myanmar WWW Institute တွင် ဆောက်လုပ်ရေးနှင့် AutoCAD Drawing ကို စိတ်ပါဝင်စားသူများအတွက် AutoCAD Professional သင်တန်းကို ဖွင့်လှစ်တော့မည်ဖြစ် သည်။ဆောက်လုပ်ရေးလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်လိုသူများ၊ အင်ဂျင်နီယာနည်းပညာများကို စိတ်ပါဝင်စားသော ကျောင်းသား/သူများ၊ လုပ်ငန်းခွင်ဝင်ရောက်နေသော အင်ဂျင်နီယာများ၊ အင်ဂျင်နီယာမဟုတ်သော်လည်း AutoCAD ကို လေ့လာသင်ယူလိုသူများအတွက် ထိရောက်သောသင်ရိုးများဖြင့် သင်ကြားပေးမည့် သင်တန်းဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ AutoCAD ကျွမ်းကျင်သူကိုယ်တိုင် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။

၎င်းသင်တန်းတွင် (1) Fence layout plan (2) Archie building plan, elevation, section (3) Door and window, stairs design detail (4) Dimension and plot style, printing (5) Septic tank, ground tank, pump house plan and section (6) 3D modeling for building (7) isometric drawing စသည့်အကြောင်းအရာများကို လေ့လာသင်ယူရမည်ဖြစ်သည်။ Draft Man မှနေ၍ မိမိအားသန်ရာလမ်းကြောင်းကို ရွေးချယ်နိုင်စေရန် ဘာသာစုံအနေဖြင့် အခြေခံများအားလုံး ပါဝင်သင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းပို့ချသူနှင့်အတူ Assignment နှင့် Project များ ပြုလုပ်စေခြင်းကြောင့် ကျောင်းသား/သူများအနေဖြင့် ပိုမိုထိရောက်စွာ သင်ယူနိုင်မည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက ဆောင်လုပ်ရေးလုပ်ငန်းခွင်များ၊ ထုတ်ကုန်ပစ္စည်းများကို ရေးဆွဲရသော AutoCAD Designer များအဖြစ် ၀င်ရောက်လုပ်ကိုင်နိုင်စေမည်ဖြစ်သည်။ ကွန်ပျူတာအခြေခံရှိပြီး Engineering ကို စိတ်ပါဝင်စားသူအားလုံးတက်ရောက်နိုင်ပါသည်။ 

သင်တန်းချိန်မှာ (စနေ + တနင်္ဂနွေ) (နံနက် – ၉း၁၅ မှ ၁၂း၁၅)ထိ တစ်ပတ်လျှင်နှစ်ရက် တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလမှာ (၃)လခွဲခန့် ကြာမြင့်မည်ဖြစ်သည်။ စိတ်ပါဝင်စားသူများနေဖြင့် Myanmar WWW Institute (M3Wi)၊ အဆောင်(၅)၊ အခန်း (၄)၊ MICT Park, လှိုင်တက္ကသိုလ်များနယ်မြေ၊ ရန်ကုန်။ (ဖုန်း) ၅၂၁၁၂၅ ၊ ၆၅၂၂၈၈ ၊၀၉ ၉၇ ၂၅၁၄၁၀၃ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
 
 

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com