နိုင်ငံတစ်ကာတွင်ရေပန်းစားလျှက်ရှိသည့် ပိုကီမွန်ဂိုး (Pokemon Go ) ဂိမ်းသည် သြဂုတ်လ ၆ ရက်နေ့မှစတင်၍မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။မြန်မာပြည်ရှိဂိမ်းကြိုက်နှစ်သတ်သူလူငယ်အများစုတို့  သည် အဆိုပါဂိမ်းကိုစွဲလမ်းစွာဆော့ကစားလာကြသည်။ ရန်ကုန်မြို့  တွင်းရှိအထင်ကရနေရာအများအပြား အပါအ၀င်မြို့တော်ခမ်းမ၊ဂွှေတိဂုံဘုရား၊ ကမ္ဘာအေးကန်ဘောင်စသည့်နေရာများတွင် ပိုကီမွန်များပိုမိုဖမ်းယူရရှိနိုင်သဖြင့် ဂိမ်းဆော့သူအများအပြားစည်ကားလျှက်ရှိသည်။

စားသောက်ဆိုင်အများစုမှလဲပိုကီမွန်ဂိမ်းဆော့သည့်သူများအတွက်သီးသန့် လျှော့ဈေးများဖြင့်ကြော်ငြာရောင်း ချလာကြသည်။ ထို့ အပြင်ပိုကီမွန်ဂိမ်းကစားသူများ ရန်ကုန်မြို့ တွင်းပိုကီမွန်များဖမ်းယူ ရရှိနိုင်မည့် မြို့ နယ်များသို့ တစုတစည်းထဲ သွားရောက်ကစားနိုင်မည့် Poke Bus Tour အစီအစဉ်ကိုလည်း အွန်လိုင်းဈေးကွက်များတွင် ကြေငြာလာကြသည်။ ပိုကီမွန်ဂိမ်းကစားသူအရေအတွက် များပြားလာသည်နှင့်အမျှ ပိုကီမွန်ဂိမ်းနှင့် ပတ်သတ်သည့် အမှတ်တရ ပစ္စည်းများကို စီးပွားရေးလုပ်ငန်းရှင်များမှထုတ်လုပ်ရောင်းချလာကြသည်။

အခမဲ့အရောင်းအ၀ယ်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် ads.com.mm တွင် Head Of Public Relation and Communication တာဝန်ရှိသူမဇာနည်ကြည်ဝင်းမှ “ ကျွန်မတို့ ဝက်ဘ်ဆိုက်မှာ ခုဆိုရင်ပိုကီမွန်နဲ့ ပတ်သတ်တဲ့အမှတ်တရပစ္စည်းတွေ အများကြီးလာတင်ရောင်းချကြတယ်။ပိုကီမွန်အမှတ်တရ အမျိုးသားဝတ်၊ အမျိုးသမီးဝတ်၊ ကလေးအသုံးအဆောင်ပစ္စည်းတွေ၊ Pokemon Pikachu doll၊Pokemon Go phone Cover၊Pokeball အ၇ုပ်စသဖြင့်အစုံပေါ့နော် အမှတ်တရပစ္စည်းတွေ အများကြီးလာရောင်းကြတာကိုတွေ့ ရပါတယ်။

ထူးခြားတာတစ်ခုကအရင်တုန်းက ပိုကီမွန်ကို ကဒ်နဲ့ ဝယ်ပြီးဆော့ခဲ့သူတွေ ရှိတယ်။ အဲ့လိုကဒ်နဲ့ ဝယ်ဆော့ခဲ့တဲ့သူတွေက သူတို့ သိမ်းထားတဲ့ အရင်တုန်းကပိုကီမွန်ရှားပါးကဒ်လေးတွေကို တစ်ကဒ်ကို ကျပ်တစ်သောင်းနဲ့ တင်ပြီးရောင်းလာကြတာကိုတွေ့ ရပါတယ်” ဟုပြောပြခဲ့ပါသည်။