Sony ရဲ့ ထုံးစံအတိုင်း Xperia ဖုန်းတွေကို နာမည်အမျိုးမျိုးပေးတတ်တဲ့
အလျောက် ယခုအခါမှာလည်း “Xperia X Compact” ဆိုတဲ့ ဖုန်းသစ်မှာ
ပါဝင်လာနိုင်တဲ့ အချက်အလက်တွေ ပေါက်ကြားလာခဲ့ပါတယ်။ “Compact”
ဆိုတဲ့စကားလုံးကို “lite” ဒါမှမဟုတ် “mini” လို့ဆိုနိုင်ပြီး နာမည်အရ
ဖုန်းအသစ်အနေနဲ့ အဓိကဖုန်းကို အလယ်အလတ်တန်းစားဖုန်းအနေနဲ့ ထုတ်လုပ်လိုတဲ့
သဘောရှိနေတာပါ။
Xperia X Compact ဟာ Xperia X Performance နဲ့ တူညီနိုင်ဖွယ်ရှိနေတယ်လို့ သတင်းတွေက ဆိုကြပါတယ်။ Compact ဖုန်းမှာ RAM အနေနဲ့ 4GB ပါဝင်ပြီး Xperia X Performance ကတော့ 3GB သာ ပါဝင်တာပါ။ Processor ကတော့ အတူတူပဲဖြစ်ပြီး Qualcomm Snapdragon 820 ကိုအသုံးပြုမှာဖြစ်ပါတယ်။
Internal Storage ကလည်း 32 GB ရှိမှာဖြစ်တာကြောင့် တူညီတယ်လို့ ဆိုရမှာပါ။ မျက်နှာပြင်ကလည်း Performance နဲ့ အတူတူပဲဖြစ်ပြီး ၄.၇လက်မအရွယ် Full HD Resolution ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ Compact ကနည်းသွားပြီး ကျောဘက်ကင်မရာ 13MP နဲ့ ရှေ့မျက်နှာကင်မရာ 8MP ရှိမှာဖြစ်တယ်လို့ သိရပါတယ်။
Sony အနေနနဲ့ Compact မော်ဒယ်အတွက် ဈေးနှုန်းကို မကြာမီထုတ်ပြန်ဖွယ်ရှိနေပေမယ့် ဈေးနှုန်း သက်သက်သာသာနဲ့တော့ ထွက်လာနိုင်ခြေမရှိဘူးလို့ သတင်းတွေက ဆိုပါတယ်။

www.pyaephyo.com