8/14/2016

♪ Snapdragon 821 SoC နဲ့ RAM 8GB ပါဝင်လာဖွယ်ရှိတဲ့ LeEco Le 2s စမတ်ဖုန်း ♫


ရရှိထားတဲ့သတင်းတွေသာ အမှန်ဖြစ်မယ်ဆိုရင်တော့၊ တရုတ်စမတ်ဖုန်းကုမ္ပဏီ LeEco ဟာ Le 2 စမတ်ဖုန်းနေရာဆက်ခံမယ့် နောက်မော်ဒယ်အသစ်ကို မကြာမီမိတ်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။

တရုတ်အခြေစိုက်မီဒီယာတစ်ခုရဲ့ ဖော်ပြချက်အရ LeEco ဟာ နောက်ဆုံးမျိုးဆက်သစ် Qualcomm Sanpdragon 821 ချစ်ပါဝင်လာပြီး၊ ဟာ့ဒ်ဝဲမွမ်းမံပြင်ဆင်မှုတွေ ပြုလုပ်ထားတဲ့ Le 2s စမတ်ဖုန်းကို ထုတ်လုပ်ဖို့ ပြင်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။ Le 2s ဖုန်းရဲ့ နောက်ထပ်ထူးခြားချက်ကတော့ RAM အနေနဲ့ 8GB အထိ ပါဝင်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

Gizchina ရဲ့ တင်ပြချက်အရ LeEco le 2s ဟာ 8GB RAM ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းဖြစ်လာမှာဖြစ်ပြီး၊ နောက်လအစောပိုင်း လောက်မှာ မိတ်ဆက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ LeEco ကုမ္ပဏီဘက်ကတော့ တရားဝင်ထုတ်ပြောတာမျိုးမရှိသေးပါဘူး။

LeEco Le 2s ဖုန်းမှာ ၅.၅ လက်မအကျယ် မျက်နှာပြင်နဲ့ 2.5D curved ဖန်သားပြင်တို့ အသုံးပြုထားပြီး၊ ဖုန်းတွင်း storage 64GB အထိ ပါဝင်မှာဖြစ်ပါတယ်။ စိတ်မကောင်းစွာပဲ၊ ယခုဖုန်းနဲ့ပတ်သတ်ပြီး ကျန်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

Le 2s ဖုန်းကို ရိုက်ကူးထားတဲ့ မှုန်ဝါးဝါးဓာတ်ပုံတစ်ချို့ ပေါက်ကြားလာပေမယ့်၊ ဖုန်းရှေ့ပိုင်းကိုပဲ မြင်ရ မှာဖြစ်ပါတယ်။ ဓာတ်ပုံတွေအရတော့ Le 2s ဟာ Le 2 အတိုင်းပဲ လာမှာဖြစ်ပြီး၊ ဟာ့ဒ်ဝဲ ပစ္စည်းတွေပဲ ပြောင်းလဲသွားမယ့်ပုံပေါ်ပါတယ်။

s_e5c455b2da6c40cc89012bcda6a9ebb0 

s_e5dd8565d4974e38956d1c9eec2d8b21

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com