8/13/2016

♪ ချစ်သူရင်ခုန်သံကို ဘယ်လောက်ဝေးဝေး အမြဲခံစားသိရှိနေနိုင်မယ့် ‘HB’ လက်စွပ် ♫


ဘယ်လောက်ဝေးဝေး၊ ဘယ်မှာရှိရှိ ချစ်သူနှစ်ဦးကြားမှာ ရင်ခုန်သံတွေကို အမြဲနီးစပ်ပေးမယ့် လက်စွပ်တစ်ကွင်း ထွက်ပေါ်လာပါပြီ။

The Touch ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ ‘HB’ လက်စွပ်လေးဟာ သင်ချစ်မြတ်နိုးရသူရဲ့ နှလုံးခုန်နှုန်းကို ဘယ်လောက်ဝေးနေပါစေ အမြဲတမ်းခံစားသိရှိနေနိုင်အောင် စွမ်းဆောင်ပေးမယ့် လက်စွပ်လေးဖြစ် ပါတယ်။

ချစ်သူနှစ်ယောက်ဝတ်ဆင်ရမယ့် လက်စွပ်နှစ်ကွင်းမှာ  နှလုံးခုန်နှုန်းတိုင်းဆန်ဆာ ထည့်သွင်းပေးထားပြီး၊ ဖုန်း app ကနေတဆင့် Bluetooth နဲ့ အရင်ဆုံးချိတ်ဆက်ရမှာဖြစ်ပါတယ်။ ထို့နောက် မှာတော့ နှလုံးခုန်နှုန်းကို လက်စွပ်ဆန်ဆာကနေ ဖမ်းယူပြီး မိုဘိုင်းအင်တာနက်လိုင်းကနေတဆင့်၊ အသည်းတခြမ်းရဲ့ paired လုပ်ထားတဲ့ လက်စွပ်ဆီ ပြန်လွှင့်ပေးမှာပါ။

ကိုယ့်ချစ်သူရဲ့ နှလုံးခုန်နှုန်းဒေတာကို တစ်ဖက်လက်စွပ်က ရရှိတာနဲ့ ချစ်သူနှလုံးခုန်နှုန်းအတိုင်း လက်စွပ်က တုန်ခါပေးသွားမှာဖြစ်ပါတယ်။ ဒီနည်းအတိုင်း လက်စွပ်နှစ်ခု အပြန်အလှန်ဆက်သွယ်နေ မှာကြောင့်၊ ရေခြားမြေခြားက ချစ်သူတွေအနေနဲ့ ရင်ခုန်သံတွေဝေးနေမှာမဟုတ်တော့ဘဲ၊ အနီးစပ်ဆုံး မှာရှိနေသလို ခံစားရမယ့် ‘HB’ လက်စွပ်လေးဖြစ်ပါတယ်။

Capture

‘HB’ လက်စွပ်နှစ်ကွင်းကို စတိန်းလက်စတီး ဒါမှမဟုတ် ၁၈ ကာရက်ရွှေသားနဲ့ ရွေးချယ်ဝယ်ယူနိုင်ပြီး၊ ရိုးရိုးစတီးလက်စွပ်တစ်စုံဆို ၅၉၉ ဒေါ်လာနဲ့ ရွှေသားနဲ့ဆို တစ်စုံ ဒေါ်လာ ၃၀၀၀ ခန့်လောက် ကျသင့်မှာဖြစ်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com