8/08/2016

♪ “Cherry Mobile Zoom” ♫


ယနေ့အချိန်မှာ ပြည်တွင်းဈေးကွက်ကိုကြည့်လိုက်မယ်ဆိုရင် တန်ဖိုး သက်သာ ပြီးလုပ်ဆောင်ချက်ကောင်း တဲ့ ဖုန်းတွေ တဖြည်းဖြည်းဝင်ရောက်လာပါတယ်။ ဒီလိုရောင်းချသူတွေထဲမှာCherry Mobile လည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ Cherry စမတ်ဖုန်းလေးတွေဟာသွက်လက်တဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ထည့်သွင်းပေးထားတဲ့အပြင် သုံးစွဲရတာလည်းကောင်းမွန်လှပါတယ်။

ဈေးနှုန်း အနေနဲ့ကြည့်လိုက်မယ်ဆိုရင်လည်း ၂သောင်းကျော်တန်ကနေစလို့ ၁သိန်း ၀န်းကျင်အထိဖုန်းတွေ ဆိုပြီး ရွေးချယ်စရာတွေ ရှိနေပါတယ်။ အခုဆိုရင် တန်ဖိုးသက်သာပြီးလုပ်ဆောင်ချက်ကောင်းမွန်တဲ့ ဖုန်းကိုင်ဆောင်လိုသူ တွေအတွက် Cherry Zoom ဆိုတဲ့ ဖုန်းလေးကိုတင်သွင်းလာပါတယ်

Cherry စမတ်ဖုန်းလေးဟာမျက်နှာပြင်အကျယ်အ၀န်းအားဖြင့် ၅.၀ လက်မ ဖြစ်ကာHD ပုံရိပ်ဖော်ပြနိုင်စွမ်းနဲ့ဖြစ်ပါတယ်။ ဆင်းကတ် ထည့်သွင်း သုံးစွဲမှု အပိုင်းမှာဆိုရင်လည်းDual SIM အသုံးပြုနိုင်မှာပါ။ နောက်ကာဘာကိုဖွင့်နိုင် တယ်ဆိုပေမယ့် ဘက်ထရီကိုအသေတပ်ဆင်ထားပါတယ်။ 


ကာဘာကို ဖွင့်လိုက်မယ်ဆိုရင်တော့ ဆင်းကတ်ထည့်စရာအပေါက်တွေကို ထောင့်ဘက် တွေမှာ မြင်ရ မှာဖြစ်ပြီး၊ အပေါ်ဘက်မှာတော့ SD card ထည့်စရာနေရာ လေးရှိနေမှာပါ။ အားသွင်းရမယ့် အပေါက်ကတော့ ဖုန်းရဲ့အောက်ဘက်မှာ တွေ့ရမှာပါ။ ကင်မရာကိုတော့နောက်ကျောဘက်ထောင့်မှာတပ်ဆင်ထားပါတယ်။ ဖုန်းတစ်လုံးရဲ့လုပ်ဆောင်နိုင်စွမ်းတွေကိုသွက်လက်စွာ စွမ်းဆောင်နိုင်စေဖို့ အတွက် ပရိုဆက်ဆာရဲ့ထောက်ပံ့မှုကလည်း အရေးကြီး လှပါတယ်။

ဂရပ်ဖစ်ပိုင်းဆိုင်ရာအတွက်ဆိုရင်တော့ mail T720MP2 ကို ပေါင်းစပ်ထည့်သွင်းပေးထားပါတယ်။ အချက်အလက် သိုလှောင် သိမ်းဆည်း နိုင်ဖို့အတွက်ကတော့ 16GB ROM နဲ့အတူ3GB RAM က သင့်တင့်တဲ့ သိုလှောင်မှု ပမာဏကိုပေးစွမ်းပါလိမ့်မယ်။

ဘက်ထရီမှာအားသွင်းမြန်ဆန်တဲ့လုပ်ဆောင်ချက်ကိုလည်းထည့်သွင်း ပေးထားပါသေးတယ်။ အဓိက, ကင်မရာကတော့ 13MP ဖြစ်ပြီး၊ 1/3 sensor အရွယ်အစားနဲ့ ပုံရိပ်တွေကိုရိုက်ကူးနိုင်မှာပါ။ ဘက်ထရီသက်တမ်းကောင်းမွန် မှုနဲ့အတူQuad-Core Chipset စွမ်းဆောင်ရည်ကြောင့် ၅ လက်မ မျက်နှာပြင် မှာဂိမ်းတွေကို မြန်ဆန်စွာဆော့ကစားနိုင်ပါလိမ့်မယ်။ Android ရဲ့ လုပ်ဆောင် ချက်တွေကိုအပြည့်အ၀အသုံးချနိုင်မှာပါ။


OTA update ကိုလွယ်ကူစွာ လုပ်နိုင်အောင် wireless update လုပ်ဆောင်ချက်ကိုတစ်ပါတည်း ထည့်သွင်း ပေးထားပါတယ်။ လက်ရှိ ပြည်တွင်းမှာရှိတဲ့ အော်ပရေတာတွေရဲ့ Sim-Card တွေနဲ့ သင့်တော်တဲ့အပြင် လုပ်ငန်းကိစ္စနှင့် ကိုယ်ရေးကိုယ်တာသုံးစွဲနိုင်စေမယ့် Dual-Sim အသုံးပြုနိုင်သောဖုန်းလေးပဲဖြစ်ပါတယ်။

<Specification>

. 5.0" HD IPS Display
. Processor 1.0GHZ Quad-Core
. RAM 3GB
. Storage 16GB included (Up to 128GB)
. Android OS 5.1 (Lollipop)
. Rear Camera 13MP & 8MP Front Camera
. Li-ion 4000 mAh Battery
. Phone - 01377997

Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com