8/08/2016

♪ 16MP selfie ကင်မရာပါဝင်ပြီး ဒေါ်လာ ၂၇၀ ဖြင့်ရောင်းချမည့် Oppo F1s ♫


Oppo သည် 16MP front-facing ကင်မရာပါဝင်ပြီး 1/3.1-inch sensor နှင့် f/2.0 aperture ဖြင့် ရိုက်ကူးနိုင်မည့် F1s စမတ်ဖုန်းကို တရားဝင် မိတ်ဆက်ခဲ့သည်။

၎င်းဖုန်းတွင် Oppo ၏ Beautify 4.0 feature ပါဝင်သောကြောင့် selfie ဓာတ်ပုံများကို ပိုမိုကောင်းမွန်စွာ ရိုက်ကူးစေနိုင်မည်ဖြစ်သည်။ Selfie ကင်မရာ၏ အခြား software feature များတွင် selfie panorama နှင့် filter များပါဝင်သည်။ ကျောဘက်ကင်မရာက 13MP ဖြစ်ပြီး 1080p ဗီဒီယိုရိုက်ကူးနိုင်သည်။

Selfie ကင်မရာ၏ အောက်ဘက်တွင် ၅.၅ လက်မ 720p IPS display ကိုတွေ့ရမည်ဖြစ်သည်။ Display အောက်တွင် လက်ဗွေဖတ်စနစ်တစ်ခုပါဝင်သည်။ သတ္တုကိုယ်ထည်အတွင်းပိုင်းတွင် Mediatek MT6750 chipset နှင့် 1.5GHz octa-core Cortex-A53 CPU ပါဝင်သည်။ RAM က 3GB ဖြစ်ပြီး သိုလှောင်မှုပမာဏက 32GB ဖြစ်သည်။

MicroSD card slot ထောက်ပံ့ပေးထားသောကြောင့် သိုလှောင်မှုပမာဏတိုးမြှင့်နိုင်သည်။ ဘက်ထရီက 3075mAh Li-Po ဖြစ်သည်။
Oppo F1s ကို အမေရိကန်ဒေါ်လာ ၂၇၀ ဖြင့် ရောင်းချမည်ဖြစ်သည်။


Credit to ==> Internet Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com