6/16/2016

♪ Samsung Galaxy Note7 ကို သြဂုတ်လ ၂ ရက်တွင် ပွဲထုတ်မိတ်ဆက်မည် ♫


Samsung အနေဖြင့် Galaxy Note7 ကို သြဂုတ်လ ၂ ရက်တွင် မိတ်ဆက်မည် ဖြစ်ကြောင်း ပေါက်ကြား ထွက်ပေါ်လာသော ပိုစတာအရ သိရသည်။ အတွင်းသတင်းများ ဖော်ပြလေ့ရှိသည့် @evleaks က ကုမ္ပဏီအနေဖြင့် Galaxy Note7 ကို သြဂုတ်လ ပထမပတ်တွင် မိတ်ဆက်မည် ဖြစ်ကြောင်း ဖော်ပြခဲ့ဖူးသည်။

Note စမတ်ဖုန်းများသည် နှစ်စဉ် စောလျင်စွာ ထွက်ပေါ်လာလေ့ရှိသည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်တွင် Note3 ကို မိတ်ဆက်ခဲ့သလို နောက်တစ်နှစ် စက်တင်ဘာလ ၃ ရက်တွင် Note4 ကို မိတ်ဆက်ခဲ့သည်။ Note5 ကိုမူ ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၃ ရက်တွင် မိတ်ဆက်ခဲ့သည်။ ထို့ကြောင့် Samsung သည် Note7 ကို သြဂုတ် ၂ ရက် တွင် မိတ်ဆက်မည့် သတင်းမှာ ဖြစ်နိုင်ခြေများစွာ ရှိသည်။

ယခု ပိုစတာတွင် သြဂုတ်လ ၂ ရက်၌ မိတ်ဆက်မည့် ထုတ်ကုန်မှာ edge မော်ဒယ်တစ်ခုဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ ယခု မိတ်ဆက်မည့် Samsung Galaxy Note7 တွင် ဘေးအနားစောင်းနှစ်ခု ပါဝင်လာမည် ဖြစ်ကြောင်း သတင်းများက ခန့်မှန်းဖော်ပြနေကြသည်။

Ref: GSMArena

Credit to ==> Internet Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com