6/16/2016

♪ iOS 10 တွင် iPhone နှင့် iPad app များဖြင့် RAW ဓာတ်ပုံများ ရိုက်ကူးနိုင်မည် ♫


iPhone သုံးစွဲသူများအတွက် iOS 10 တွင် RAW ဓာတ်ပုံများ ရိုက်ကူးနိုင်သည့် အထောက်အပံ့ ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်အနည်းငယ်က မိတ်ဆက်ခဲ့သည့် iOS 10 နှင့်ပတ်သက်သည့် အဓိကအချက်များကို slide ဖြင့်ပြသခဲ့ရာတွင် RAW ဓာတ်ပုံတည်းဖြတ်မှုနှင့်သက်ဆိုင်သော ပုံပါဝင်လာကြောင်း မြင်တွေ့လိုက်ရ သူများက ထောက်ပြခဲ့သည်။ သို့သော်လည်း စင်ပေါ်တွင် ၎င်းနှင့်ပတ်သက်၍ ရှင်းလင်းပြောပြသွားခြင်း မရှိပေ။

သို့သော် iOS 10 တွင် RAW ဓာတ်ပုံများ ရိုက်ကူးနိုင်သည့် လုပ်ဆောင်ချက် ပါဝင်လာကြောင်း WWDC အလုပ်ရုံဆွေးနွေးပွဲတွင် အတည်ပြုခဲ့သည်။

Third party developer များသည် raw ဓာတ်ပုံများကို ရိုက်ကူးပြီး သိမ်းဆည်းနိုင်သည်။ သို့ရာတွင် သုံးစွဲသူက iOS 10 သို့ update ပြုလုပ်ပြီးနောက် app များအားလုံးတွင် ချက်ချင်းအသုံးပြုနိုင်သေးမည် မဟုတ်ပေ။ Raw ဓာတ်ပုံများကို ကျောဘက် ကင်မရာဖြင့်သာ ရိုက်ကူးနိုင်သလို DSLR ကင်မရာများလိုပင် iOS တွင် RAW နှင့် JPEG များကို တစ်ပြိုင်နက်တည်း ရိုက်ကူးနိုင်သည်။ RAW ရိုက်ကူးနိုင်သည့် app များကို iPhone 6s, 6s Plus, SE နှင့် မျက်နှာပြင် ၉.၇ လက်မ iPad များတွင်အသုံးပြုနိုင်သည်။ RAW ဓာတ်ပုံများကို Adobe ၏ Digital Negative (DNG) file format ဖြင့် သိမ်းဆည်းပေးမည် ဖြစ်သည်။

Apple အနေဖြင့် ၎င်း၏ Camera app တွင် RAW ဓာတ်ပုံများ ထောက်ပံ့ပေးရန် အစီအစဉ် ရှိ၊ မရှိကို ထုတ်ပြန်ခြင်း မရှိသေးပေ။

Ref: TechCrunch
Credit to ==> Internet Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com