6/09/2016

♪ ညကြည့်ကင်မရာအပါအဝင် စစ်တပ်သုံးနည်းပညာတွေနဲ့ တည်ဆောက်ထားတဲ့ Lumigon T3 စမတ်ဖုန်း ♫


ဒိန်းမတ်နည်းပညာ ကုမ္ပဏီ Lumigon ဟာ စစ်တပ်သုံးနည်းပညာတွေနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာ့ပထမဆုံး ညကြည့်ကင်မရာပါဝင်တဲ့ Lumigon T3 စမတ်ဖုန်းကို ထုတ်လုပ်လိုက်တယ်လို့ သိရပါတယ်။ ဒီဖုန်းမှာ ညကြည့်ကင်မရာ၊ Fingerprint Sensor လုံခြုံရေးစနစ်၊ ရေစိမ်ခံနိုင်စွမ်းနဲ့ ကိုယ်ထည်ကိုစတီးလ်နဲ့ တည်ဆောက်ထားတဲ့ လုပ်ဆောင်ချက်တွေလို အမိုက်စားလုပ်ဆောင်ချက်တွေ ပါဝင်လာတာကြောင့် အကြမ်းခံပြီး ဒီဇိုင်းအဆန်းဖုန်းကို သဘောကျတတ်တဲ့သူတွေကတော့ အကြိုက်တွေ့စေမှာပါ။

ဖုန်းမှာ 4MP 2K HD ညကြည့်ကင်မရာ (Night Vision Camera) ပါဝင်ပြီး ဒီကင်မရာဟာ လုံးဝအလင်းရောင်ကင်းမဲ့နေတဲ့ အမှောင်ထဲမှာတောင် ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ သာမန်ကင်မရာအနေနဲ့ဆိုရင်လည်း T3 ဟာ 13 MP 4K HD ရှိတဲ့ ကျောဘက်ကင်မရာနဲ့ 5MP 2K ရှိတဲ့ ရှေ့မျက်နှာကင်မရာတို့ ရှိတယ်လို့ သိရပါတယ်။

lumigon-t3-2

ဒီစမတ်ဖုန်းဟာ ကိုယ်ထည်တစ်ခုလုံးကို ရေတပ်သုံး 316 Stainless Steel နဲ့ ပြုလုပ်ထားတာဖြစ်ပြီး မျက်နှာပြင်အကျယ် ၄.၈လက်မရှိတဲ့ Gorilla Glass 4 ကို Fiber Glass နဲ့ ထပ်ရံထားလို့ ရေနဲ့ဖုန်ရဲ့ ဒဏ်ကို အပြည့်အဝခံနိုင်ရည်ရှိတယ်လို့ သိရပါတယ်။ နောက်ထပ်အကြိုက်တွေ့စေမယ့် စွမ်းဆောင်ရည် တစ်ခုကတော့ 360 Degree Fingerprint ဆင်ဆာလုံခြုံရေးစနစ်ပဲဖြစ်ပါတယ်။ အတွင်း Chipset ကို 2.2 GHz 64Bit 8-core Processor , 3GB ရှိတဲ့ RAM နဲ့ Android Version 6.0 Marshmallow ကိုအသုံးပြုထားတာလည်းဖြစ်ပါတယ်။

lumigon-t3-3

နောက်ထပ်လုပ်ဆောင်ချက်တွေအနေနဲ့ 128 GB ရှိတဲ့ Internal Memory နဲ့ Dual SIM အသုံးပြုနိုင်ပြီး ကြိုးမဲ့အားသွင်းစနစ်၊ စတီရီယိုစပီကာတို့ပဲဖြစ်ပါတယ်။ အရောင်အသွေးအနေနဲ့ အနက်၊ အဖြူ၊ လိမ္မော် ဆိုပြီး ဗားရှင်းသုံးမျိုးနဲ့ ရနိုင်မှာဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၇၄ဝ (ကျပ် ၈၈၀,၀၀၀ခန့်) ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

lumigon-t3-4

T2 ကိုအခြေခံပြီးထုတ်လုပ်ထားတာဖြစ်ပေမယ့်လည်း T2 မှာရော၊ ဘယ်ဖုန်းမှာမှမပါဝင်သေးတဲ့ ညကြည့်ကင်မရာအပါအဝင် တခြားစွမ်းဆောင်ရည်တွေကို အဆင့်မြှင့်တင်ထားခဲ့တာကြောင့် ဒီဇိုင်းမိုက်မိုက်နဲ့ အကြမ်းခံဖုန်းကို သဘောကျတတ်တဲ့ သူတွေအတွက်ကတော့ မျက်စိကျစရာပဲဖြစ်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com