3/02/2016

♪ ဖုန်းနဲ့ selfie ရိုက်ရတာ အားမရတဲ့သူတွေအတွက် Laptop selfie stick ထွက်ပေါ်လာ ♫


ဖုန်းတွေမှာ အဆင်ပြေပြေအသုံးပြုနိုင်တဲ့ စမတ်ဖုန်း selfie stick တွေ ခေတ်စားလာတဲ့ နောက်ပိုင်းမှာတော့ နည်းပညာလောကကို တစ်ခေတ်ဆန်းသစ်နိုင်မယ့် Laptop တွေမှာအသုံးပြုလို့ ရနိုင်တဲ့ selfie stick တွေကိုတော့ နယူးယောက်မြို့က ကျောင်းသားသုံးယောက်က တီထွင်လိုက်ပြီ ဖြစ်ပါတယ်။
ဒီ selfie stick ဟာဆိုရင်တော့ လောလောဆယ်မှာ Apple ရဲ့ Macbook Laptop တွေမှာပဲ အသုံးပြုလို့ ရသေးတဲ့ ပုံစံကိုတွေ့ရသေးပြီး နောက်ပိုင်းမှာတော့ ဘယ် Laptop နဲ့ မဆို ထိန်းညှိ အသုံးပြုလို့ရနိုင်မယ့် Laptop selfie stick တွေကို ထုတ်လုပ်သွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

laptop selfie stick1

ပန်းခြံတွေ ၊ ပြတိုက်တွေနဲ့ တစ်ခြား ပြည်သူပိုင်နေရာတွေမှာတော့ မိုဘိုင်းဖုန်း selfie stick တွေကိုတောင် ယူဆောင်ခွင့်မပြုတော့တာကြောင့် အရွယ်အစားပိုပြီး ကြီးမားလာမယ့် Laptop selfie stick တွေကိုဆိုရင်တော့ ပိုပြီး ကန့်သတ်မှုတွေ ရှိလာနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်နေကြပါတယ်။
ဒီ Macbook အတွက် selfie stick ကို တီထွင်ခဲ့တဲ့ ကျောင်းသားသုံးယောက်ဟာဆိုရင်တော့ သူတို့ရဲ့ ဖန်တီးမှုအနုပညာဆိုင်ရာပရောဂျက်တစ်ခုအတွက် အခုလို လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး ဒီလောက်ထိ လူသိများသွားမယ်လို့လည်း မထင်မှတ်ထားဘူးလို့ သိရပါတယ်။

မန်ဟတ်တန်နဲ့ တိုင်းမ်စကွဲတို့မှာ ဒီရဲ့ Laptop selfie stick ကို သွားရောက် မိတ်ဆက်ခဲ့ကြပြီး အများနဲ့မတူ တစ်မူထူးခြားနေတာကြောင့် လူအများရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။ Web Camera ကို အသုံးပြုပြီး ရိုက်ကူးရမယ့် selfie ဓာတ်ပုံတွေဟာဆိုရင်တော့ Laptop ရဲ့ Web Camera အရည်အသွေးပေါ်မူတည်ပြီး ကွာခြားမှုတော့ ရှိနေနိုင်တယ်လို့လည်း သိရပါတယ်။

Ref : Dailymail

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com