3/02/2016

♪ ရှိုးပွဲမှာ အဆိုတော်က ကိုယ်တစ်ယောက်တည်းကို ဖျော်ဖြေနေသလို ခံစားရမယ့် အက်ပလီကေးရှင်း ♫


သင့်အနေနဲ့ ကိုယ်ကြိုက်တဲ့အဆိုတော်တွေရဲ့ ဖျော်ဖြေပွဲကို သွားတဲ့အခါမှာတော့ ဘေးက ပရိသတ်တွေရဲ့ အော်ဟစ်အားပေးမှုတွေနဲ့ တစ်ခြားဆူညံသံတွေကြောင့် သီချင်းကို အပြည့်အဝခံစားလို့ မရတာတွေဖြစ်ဖူးပါလိမ့်မယ်။ အခု ထုတ်လုပ်လိုက်တဲ့ Peeble အမည်ရ ဒီအက်ပလီကေးရှင်းကတော့ Live ဖျော်ဖြေပွဲတွေမှာ ဘေးက ဆူညံသံတွေကို ဖျောက်ပစ်ပြီး ကိုယ်တစ်ယောက်တည်းကိုပဲ အဆိုတော်က ဖျော်ဖြေနေသယောင် ထင်ရလောက်အောင် အသံပိုင်းပြုပြင်မှုတွေကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။

သင့်အနေနဲ့ headphone တစ်ခုတော့ အသုံးပြုဖို့ လိုအပ်မှာဖြစ်ပြီး ဖျော်ဖြေပွဲတွင်းမှာ ဒီရဲ့ ဖုန်း အက်ပလီကေးရှင်းကို ဖွင့်ပြီး headphone နဲ့ တွဲဖက်နားဆင်ရမှာဖြစ်ပါတယ်။ ဒီအက်ပလီကေးရှင်းဟာ ဖျော်ဖြေပွဲမှာ စင်နောက်ကွယ်က အသံပိုင်းအင်ဂျင်နီယာရဲ့ mixing desk ကနေ ချိန်ညှိထုတ်လွှင့်နေတဲ့ signal လိုင်းတွေကို ဖမ်းယူသွားမှာဖြစ်ပြီး သင့်ရဲ့ နားကြပ်ထဲကို အကြည်လင်ဆုံးနဲ့ အရှင်းလင်းဆုံးအသံလှိုင်းတွေအဖြစ် လွဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။

စပီကာကနေ ထွက်ရှိလာတဲ့ အသံတွေကို အချိန်ကိုက်ညှိပေးပြီး ဆောင်းဘောက် ၊ စပီကာတွေကနေထွက်ရှိလာတာမဟုတ်တဲ့ ညှိနှိုင်းလို့မရတဲ့ အသံတွေကို ဖျောက်ပေးမယ့် အသံစစ်ထုတ်စနစ်ကိုအသုံးပြုထားတာကြောင့် ပရိသတ်တွေရဲ့ အော်ဟစ်အားပေးတဲ့အသံတွေနဲ့ ဆူညံသံတွေကို ကျော်ပြီး အဆိုတော်ရဲ့ ဂီတသံစဉ်တွေကိုပဲ သင့်အနေနဲ့ အေးအေးဆေးဆေးနားဆင်နိုင်မှာဖြစ်ပါတယ်။

ဒီအက်ပလီကေးရှင်းမှာ ပါဝင်တဲ့ EQ စနစ်ကို ထိန်းညှိပြီးတော့လည်း base သံ အတိုးအကျယ်နဲ့ တခြားအသံတွေကိုလည်း ဒီအက်ပလီကေးရှင်းနဲ့ ထိန်းညှိနားဆင်နိုင်မှာပါ။ ဒီရဲ့ Peeble အက်ပလီကေးရှင်းကို တော့ ပြီးခဲ့တဲ့နှစ်အတွင်းက ပြင်သစ်နိုင်ငံက ရှိုးပွဲတွေမှာ စမ်းသပ်အသုံးပြုခဲ့ပြီး အသုံးပြုသူတွေကတော့ စိတ်ကျေနပ်ပြီး အကြိုက်တွေ့ခဲ့ကြပါတယ်။

ကမ္ဘာ့မိုဘိုင်းကွန်ဂရက်မှာတော့ ဒီအက်ပလီကေးရှင်းကို တရားဝင် မိတ်ဆက်ခဲ့ပြီး အခကြေးငွေနဲ့ ဝယ်ယူရရှိနိုင်တော့မယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။

Ref : CNet

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com