3/17/2016

♪ လှပတဲ့ဒီဇိုင်းနဲ့ K စီးရီး စမတ်ဖုန်းမော်ဒယ်အသစ်နှစ်မျိုးကို LG စတင်ဖြန့်ချိ ♫


တန်ဖိုးသင့်စမတ်ဖုန်းတွေထဲမှာ လူကြိုက်များနေတဲ့ LG ရဲ့ K စီးရီး စမတ်ဖုန်းမော်ဒယ်အသစ်နှစ်မျိုး ထပ်မံထွက်ပေါ်လာပြီဖြစ်ပါတယ်။

K5 နဲ့ K8 လို့ အမည်ပေးထားတဲ့ ဒီမော်ဒယ်အသစ်နှစ်လုံးကို ယခုအပတ်ထဲမှာပဲ ကုမ္ပဏီရဲ့ အဓိကပစ်မှတ် ဈေးကွက်တွေဆီ စတင်ဖြန့်ချိသွားမှာဖြစ်တယ်လို့ LG က တရားဝင်ပြောကြားသွားခဲ့ပါတယ်။
K5 စမတ်ဖုန်းကိုတော့ ဥရောပနဲ့ ရုရှား နဲ့ လက်တင်အမေရိကဘက်ဆီ အဓိကဖြန့်ချိမှာဖြစ်ပြီး၊ LG K8 ဖုန်းကတော့ အာရှ၊ အာဖရိက နဲ့ အရှေ့အလယ်ပိုင်း၊ ရုရှားနဲ့ လက်တင်အမေရိကနိုင်ငံတွေဆီ အဓိကထားဖြန့်ချိသွားမှာဖြစ်ပါတယ်။

K5 နဲ့ K8 ဖုန်းရှေ့မှာထွက်ထားတဲ့ K စီးရီးစမတ်ဖုန်းတွေအတိုင်း၊ ဒီမော်ဒယ်အသစ်နှစ်လုံးမှာလည်း အရည်အသွေးမြင့်ကင်မရာ ပါဝင်လာမှာဖြစ်ပြီး၊ K8 စမတ်ဖုန်းကတော့ ပရီမီယမ်ဒီဇိုင်း၊ မျက်နှာပြင်အစွန်းကွေး ဒီဇိုင်း၊ 2.5D Arc Glass တို့နဲ့ အရည်အသွေးမြင့်ပြုလုပ်ထားတဲ့ စမတ်ဖုန်းဖြစ်ပါတယ်။

K5 စမတ်ဖုန်းဟာ ၅ လက်မအရွယ်မျက်နှာပြင်၊ 1.3 GHz quad-core ပရိုဆက်ဆာ နဲ့ RAM 1GB တို့ ပါရှိမှာ ဖြစ်ပြီး၊ storage ပိုင်းအနေနဲ့ 8GB ပါဝင်လာမှာဖြစ်ပါတယ်။ ကျောကင်မရာက 5 megapixel ပါရှိပြီး၊ ရှေ့ ကင်မရာကတော့ 2 megapixel သာ ရှိမှာဖြစ်ပါတယ်။

K8 စမတ်ဖုန်းကတော့ K5 ထက် အရည်အသွေးပိုမြင့်ပြီး၊ ၅ လက်မအရွယ် HD မျက်နှာပြင်၊ 1.3 GHz quad-core ပရိုဆက်ဆာ၊ RAM 1.5 GB တို့ ပါဝင်မှာဖြစ်ပါတယ်။ K8 စမတ်ဖုန်းမှာတော့ ကျောကင်မရာက 8-megapixel ဖြစ်သွားပြီး၊ ရှေ့ကင်မရာကလည်း 5-megapixel ဖြစ်လာပါတယ်။ နောက်ထပ်ထူးခြားချက်ကတော့ တန်ဖိုးသင့်စမတ်ဖုန်းဆိုပေမယ့် Android 6.0 Marshmallow နဲ့ လာမှာဖြစ်ပြီး၊ 4G ၊ NFC တို့ပါ ပါဝင်ပါတယ်။

ဒီမော်ဒယ်အသစ်နှစ်မျိုးရဲ့ ဈေးနှုန်းကတော့ ဈေးကွက်အလိုက်ကွာခြားသွားဖို့ရှိပြီး ဈေးနှုန်းအတိအကျကိုတော့ LG က ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

Ref: Gadgets360
Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com