3/17/2016

♪ ယခင်ထက် ပေါ့ပါးလျင်မြန်ပြီး ဈေးသက်သာသော Blade laptop သစ်များကို Razer မိတ်ဆက် ♫


ပေါ့ပါးသောဒီဇိုင်း၊ အဆင့်မြှင့်ထားသော အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်မြင့်စနစ်များအား သက်သာသောဈေးနှုန်းဖြင့် ရရှိနိုင်မည့် Blade laptop သစ်တစ်မျိုးကို Razer က မိတ်ဆက်ကြေညာခဲ့သည်။
၁၄ လက်မ Blade ကို စွမ်းဆောင်ရည်လျော့နည်းခြင်းမရှိဘဲ အလွယ်တကူသယ်ဆောင်သွားနိုင်သည့် ကွန်ပျူတာတစ်လုံးလိုအပ်သော ဂိမ်းကစားသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်သည်။ ၎င်းကို သိုလှောင်မှုပမာဏ 256GB နှင့် 512GB အမျိုးအစားများဖြင့် ရရှိနိုင်သည်။ တန်ဖိုးမှာ 256GB အတွက် ၁,၉၉၉ ဒေါ်လာဖြစ်ပြီး 512GB အတွက် ၂,၁၉၉ ဖြစ်သည်။ အဆိုပါ Blade laptop သစ်ကို မတ်လ ၁၆ ရက်မှ စတင်မှာယူနိုင်ပြီး ဧပြီလတွင် တင်ပို့ရောင်းချမည်ဖြစ်သည်။


Blade laptop သစ်တွင် Intel ၏ ဆဋ္ဌမမျိုးဆက် Core i7 ပရိုဆက်ဆာနှင့် 16GB DD4 RAM တို့ပါဝင်သည်။ ဂရပ်ဖစ်ပရိုဆက်ဆာအနေဖြင့် Nvidia ၏ GeForce GTX 970M နှင့် 6GB VRAM ကို အသုံးပြုထားပြီး ၁၄ လက်မအရွယ် 3200 x 1800 pixel IGZO touchscreen ဖြင့်အသုံးပြုနိုင်သည်။ ဒီဇိုင်းမှာ ယမန်နှစ်က မိတ်ဆက်ပေးခဲ့သော Blade အတိုင်း ပြောင်းလဲထားခြင်းမရှိသော်လည်း အလေးချိန်ကို ၄.၂၅ ပေါင်အထိ လျှော့ချထားသည်။

ယခုနှစ်အစောပိုင်းက မိတ်ဆက်ပေးခဲ့သော ၁၂.၅ လက်မ notebook ဖြစ်သည့် Blade Stealth ကဲ့သို့ပင် Blade သစ်ကို Razer ၏ Core desktop ဂရပ်ဖစ်ကတ်များဖြင့်လည်း တွဲဖက်အသုံးပြုနိုင်သည်။ Core နှင့်ချိတ်ဆက်ရန်အတွက် USB Type-C Thunderbolt 3 port သစ်တစ်ခုကို ထောက်ပံ့ပေး ထားသည်။ ထို့အပြင် အရောင်ရွေးချယ်မှုများစွာနှင့် ပုံစံအမျိုးမျိုးဖြင့် ဖော်ပြပေးနိုင်သည့် backlit RBG ခလုတ်များပါဝင်သော Chroma ကီးဘုတ်ဖြင့်လည်း အသုံးပြုနိုင်သည်။

Ref: TheVerge

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com