3/16/2016

♪ ပန်းရောင်ကိုယ်ထည်နဲ့ ထွက်ရှိလာမယ့် လေးလက်မအရွယ် iPhone SE ♫


Apple ရဲ့ နောက်ဆုံးမျိုးဆက် iPhone ဟာ လာမယ့် တနင်္လာနေ့ကျရင် ကယ်လီဖိုးနီးယားမှာ ထုတ်ပြန်ကြေငြာမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေပါတယ်။ အဆိုပါ မျိုးဆက်သစ် iPhone အနေနဲ့ ပန်းရောင်အပါအဝင် အရောင်မျိုးစုံနဲ့ ထွက်ပေါ်လာနိုင်ခြေရှိနေတာဖြစ်ပါတယ်။ ယခုထွက်လာတဲ့ သတင်းတွေပုံတွေမှာတော့ ပန်းရောင် iPhone SE ကိုသာတွေ့ခဲ့ရတာဖြစ်ပါတယ်။
လေးလက်မအရွယ်အစားရှိတဲ့ မော်ဒယ်အသစ်ဟာ အရင်ထုတ်လုပ်ခဲ့တဲ့ iPhone 5s ရဲ့ ပုံစံနဲ့ ထပ်တူကျအောင်ပြုလုပ်ထားတာဖြစ်ပါတယ်။ ပေါက်ကြားလာတဲ့ ဓာတ်ပုံတွေအရ iPhone SE ဟာ iPhone 6s နဲ့ 6sPlus တို့လိုမျိုး ဘောင်အကွေးဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး “Touch ID” Fingerprint Scanner ပါဝင်တာလည်းဖြစ်ပါတယ်။
iPhone SE rumour2
နောက်ထပ်ထင်ရှားတဲ့ ကောလာဟလသတင်းတစ်ပုဒ်ကတော့ iPhone SE ဟာ အရောင်အနေနဲ့ ပန်းရောင်နဲ့ လာမှာဖြစ်တယ်လို့သိရပါတယ်။ ဗီဒီယိုနဲ့ ဓာတ်ပုံတွေအရတော့ iPhone SE ဟာ iPhone 6s နဲ့ ယှဉ်လိုက်ရင် အရောင်က အနည်းငယ်ပိုမို တောက်ပတဲ့ပန်းရောင်ရှိတာကြောင့် iPhone 6s လိုမျိုး “Rose Gold” လို့ပြောလို့မရနိုင်ပါဘူး။ ဗီဒီယိုထဲမှာ နှိုင်းယှဉ်ပြသမှုတွေအရတော့ iPhone အသစ်ဟာ iPhone 6s ထက်အနည်းငယ်ထူပြီး iPhone 5s ထက်အနည်းငယ် ပါးလွှာတာကိုတွေ့ရပါတယ်။
iPhone SE rumour1
နောက်ထပ်ကောလာဟလတွေကတော့ iPhone ဟာ အရင်ထွက်ခဲ့တဲ့ 5c လိုမျိုး အရောင်မျိုးစုံနဲ့ လာနိုင်တယ်လို့လဲ ဆိုနေကြတာဖြစ်ပါတယ်။ Apple ဟာ အလျူမီနီယံမှာအရောင်ဆိုးထားတဲ့ ဒီဇိုင်းဟာ အလွန်အောင်မြင်ခဲ့ပြီး ယခုလို iPhone SE ထိထပ်မံချဲ့ထွင်ဖို့ပါ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
နောက်ထပ်ထပ်မံပါဝင်လာနိုင်တဲ့အချက်အလက်တွေကတော့ 12-MP ရှိတဲ့ ကျောဘက်ကင်မရာနဲ့ အဆင့်မြှင့်တင်ထားတဲ့ A9 Processor ကိုအသုံးပြုလာမှာဖြစ်ပါတယ်။ အတွင်းမှတ်ဥာဏ်ပမာဏ 16 GB ကနေ 64 GB အထိရရှိနိုင်မှာဖြစ်ပြီး အနည်းငယ်ကြီးမားတဲ့ ဘက်ထရီလည်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Apple ဟာ လာမယ့် မတ်လ ၂၁ ရက်နေ့မှာ iPhone နဲ့ iPad Air 2 တို့လို ပစ္စည်းအသစ်တွေကို ကြေငြာမှာဖြစ်ပြီး အနည်းငယ်အဆင့်မြှင့်ထားတဲ့ Apple Watch လည်းပါဝင်မှာဖြစ်ပါတယ်။




Ref: Mirror
Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com