3/16/2016

♪ DAB+ ဒီဂျစ်တယ်ရေဒီယိုစနစ် ပါဝင်လာတဲ့ ကမ္ဘာ့ပထမဆုံးစမတ်ဖုန်း LG Stylus 2 ♫


LG Electronics ဟာ မတ်လ ၈ ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပပြုလုပ်သွားတဲ့ Radiodays Europe 2016 ပွဲတော်မှာ DAB+ ရေဒီယိုစနစ်ပါဝင်လာတဲ့ LG Stylus 2 ဖုန်းဗားရှင်းအသစ်ကို စတင်မိတ်ဆက်သွားခဲ့ပါတယ်။

LG Stylus 2 ဖုန်းကို ပြီးခဲ့တဲ့လက၊ MWC ပွဲမှာ စတင်မိတ်ဆက်သွားတာဖြစ်ပေမယ့်၊ ယခု ထပ်မံအသစ်မိတ်ဆက်လိုက်တဲ့ Stylus 2 ကတော့ ဒီဂျစ်တယ်ရေဒီယိုစနစ် DAB+ ပါဝင်လာပြီး၊ ကမ္ဘာ့ပထမဆုံး DAB+ ချစ်ပြားပါဝင်တဲ့ဖုန်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဒီဂျစ်တယ်အသံထုတ်လွှင့်မှု (Digital Audio Broadcasting) လို့ ခေါ်တဲ့ DAB စနစ်ဟာ သာမန် FM ရေဒီယို တွေထက် အသံအရည်အသွေး အဆပေါင်းများစွာပိုမိုကောင်းမွန်သလို၊ features တွေလည်း စုံလင်တဲ့ ရေဒီယိုစနစ်တစ်ခုဖြစ်ပါတယ်။ ဒီစနစ်မှာဆိုရင် ရေဒီယိုထုတ်လွှင့်သူတွေအနေနဲ့ အသံတစ်ခုတည်းတင် ထုတ်လွှင့်နိုင်တာမဟုတ်ဘဲ၊ စတေရှင်ရဲ့အချက်အလက်တွေနဲ့ ပုံတွေကိုပါ တပြိုင်တည်းထုတ်လွှင့်နိုင်ပါတယ်။

DAB+ ဟာ သြစတြေးလျအပါအ၀င် နိုင်ငံပေါင်း ၄၀ ကျော်မှာ တွင်ကျယ်နေတာ ငါးနှစ်ကျော်ကြာမြင့်ပြီ ဖြစ်ပြီး၊ ကမ္ဘာ့ရေဒီယိုလောကမှာ နေရာကြီးစိုးလာတဲ့ရေဒီယိုစနစ်တစ်ခု ဖြစ်ပါတယ်။
DAB+ ချစ်ပြားပါဝင်လာတဲ့ LG Stylus 2 ဖုန်းမှာ အထူးထုတ်လုပ်ထားတဲ့ app တစ်ခုကနေ ဒီဂျစ်တယ်ရေဒီယို ထုတ်လွှင့်မှုကို ဖမ်းယူနိုင်ပြီး၊ FM လိုင်းတွေလိုပဲ အင်တာနက်ဖွင့်စရာမလိုဘဲ၊ အလွယ်တကူဖမ်းယူ နားဆင်နိုင်မှာဖြစ်ပါတယ်။

“၅.၇ လက်မအရွယ်ကြီးမားတဲ့မျက်နှာပြင်၊ ၁ ၀ပ်အားရှိတဲ့ စပီကာ နဲ့ ဖြုတ်တပ်နိုင်တဲ့ 3000mAh ဘက်ထရီ တို့ကြောင့် LG Stylus 2 ဖုန်းဟာ DAB ရေဒီယိုစနစ်ရဲ့ အရသာကို အပြည့်အ၀ခံစားနိုင်မယ့် ဖုန်းပဲဖြစ်ပါတယ်” လို့ LG Elecltronics ရဲ့ CEO ဖြစ်သူ Juno Cho က ပြောကြားသွားခဲ့ပါတယ်။
LG Stylus 2 မှာ အထက်ပါ specs တွေအပြင်၊ 1.5 GB RAM ၊ 16GB ဒေတာသိမ်းဆည်းနိုင်မှု၊ Android 6.0 Marshmallow စနစ်တို့ ပါဝင်ပြီး၊ ဈေးအလယ်အလတ်မြင့်တဲ့ ဖက်ဘလက် (phbalet) ဖုန်းတစ်ခုဖြစ်ပါတယ်။

Ref: Android Headlines
Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com